ဟေ​ဗြဲ 5:11-14 BCL

11 ဤ​အ​ကြောင်း​အ​ရာ​နှင့်​ပတ်​သက်​၍ ငါ​တို့​ပြော ဆို​စ​ရာ​များ​စွာ​ရှိ​၏။ သို့​ရာ​တွင်​သင်​တို့​သည် ဉာဏ်​လေး​သူ​များ​ဖြစ်​သ​ဖြင့် သင်​တို့​အား ရှင်း​လင်း​ဖော်​ပြ​ရန်​ခက်​ပေ​သည်။-

12 သင်​တို့​သည်​ယ​ခု​အ​ချိန်​အ​ခါ​လောက်​ဆို​လျှင် ဋ္ဌမ္မ​ပ​ညာ​ပို့​ချ​သူ​များ​ဖြစ်​သင့်​ကြ​လေ​ပြီ။ သို့ ရာ​တွင်​သင်​တို့​အား​ဘု​ရား​သ​ခင်​၏​တ​ရား တော်​အ​ခြေ​ခံ​ကို တစ်​စုံ​တစ်​ယောက်​က​သင်​ကြား ပေး​ရန်​လို​နေ​သေး​ပါ​သည်​တ​ကား။ သင်​တို့​သည် မာ​သော​အ​စား​အ​စာ​ကို​စား​မည့်​အ​စား​နို့ ကို​သာ​လျှင်​သောက်​နေ​ကြ​သေး​၏။-

13 နို့​ကို​သောက်​သုံး​၍​အ​သက်​ရှင်​သူ​သည်​နို့​စို့ သူ​ငယ်​ဖြစ်​၍ အ​မှန်​နှင့်​အ​မှား​ကို​ကိုယ်​တွေ့ သိ​ရှိ​နား​လည်​သူ​မ​ဟုတ်။-

14 မာ​သော​အ​စား​အ​စာ​သည်​ကား​အ​ရွယ်​ရောက် ပြီး​သူ​တို့​အ​တွက်​ဖြစ်​၏။ သူ​တို့​သည်​လေ့​ကျင့် မှု​အား​ဖြင့် အ​ကောင်း​နှင့်​အ​ဆိုး​ကို​ပိုင်း​ခြား​သိ ရှိ​သူ​များ​ဖြစ်​ကြ​၏။