ဟေ​ဗြဲ 7:16-22 BCL

16 ထို​သူ​သည်​ယဇ်​ပု​ရော​ဟိတ်​အ​ရိုက်​အ​ရာ​ကို လူ​တို့​ချ​မှတ်​ထား​သည့်​စည်း​မျဉ်း​ဥ​ပ​ဒေ​များ အ​ရ​ခံ​ယူ​ရ​ရှိ​ထား​သည်​မ​ဟုတ်။ အ​ဘယ် အ​ခါ​၌​မျှ မ​ကုန်​မ​ဆုံး​နိုင်​သည့်​အ​သက်​၏ တန်​ခိုး​အာ​နု​ဘော်​အ​ရ​ခံ​ယူ​ရ​ရှိ​ထား​ခြင်း ဖြစ်​၏။-

17 အ​ဘယ်​ကြောင့်​ဆို​သော်​ကျမ်း​စာ​တော်​က``သင် သည်​မေ​လ​ခိ​ဇေ​ဒက်​၏​အ​ရိုက်​အ​ရာ​ကို​ဆက် ခံ​သူ​ထာ​ဝ​ရ​ယဇ်​ပု​ရော​ဟိတ်​ဖြစ်​လိမ့်​မည်'' ဟု​ဖော်​ပြ​သော​ကြောင့်​တည်း။-

18 ယ​ခင်​ပ​ညတ်​ဟောင်း​သည်​အား​နည်း​၍​အ​ကျိုး ကို​မ​ပေး​နိုင်​သော​ကြောင့်​ပယ်​ရှား​ခြင်း​ကို​ခံ​ရ​၏။-

19 မော​ရှေ​၏​ပ​ညတ်​တ​ရား​သည်​အ​ဘယ်​အ​ရာ ကို​မျှ​ပြီး​ပြည့်​စုံ​လင်​အောင်​မ​ပြု​နိုင်။ ယ​ခု အ​ခါ​၌​ငါ​တို့​သည်​ထို​ပညတ်​တ​ရား​ထက် ပို​မို​ကောင်း​မြတ်​သည့်​မျှော်​လင့်​ချက်​ကို​ရ​ရှိ ကြ​ပြီ​ဖြစ်​ရာ ထို​မျှော်​လင့်​ချက်​အား​ဖြင့် ဘု​ရား​သ​ခင်​ထံ​တော်​သို့​ချဉ်း​ကပ်​ကြ​၏။

20 ထို​မှ​တစ်​ပါး​လည်း​ဘု​ရား​သ​ခင်​ကျိန်​ဆို​တော် မူ​ချက်​ရှိ​၏။ ကိုယ်​တော်​သည်​လေ​ဝိ​အ​နွယ်​ဝင် တို့​အား ယဇ်​ပု​ရော​ဟိတ်​အ​ဖြစ်​ခန့်​ထား​တော်​မူ သော​အ​ခါ​၌​ကျိန်​ဆို​တော်​မူ​ချက်​မ​ပါ​ရှိ​ချေ။-

21 သို့​ရာ​တွင်​သ​ခင်​ယေ​ရှု​အား​ယဇ်​ပု​ရော​ဟိတ် အ​ဖြစ် ခန့်​ထား​တော်​မူ​သော​အ​ခါ​၌​မူ​ကား`` `သင်​သည်​ထာ​ဝ​ရ​ယဇ်​ပု​ရော​ဟိတ် ဖြစ်​ရ​လိမ့်​မည်' ဟုထာ​ဝ​ရ​ဘု​ရား​ကျိန်​ဆို​တော်​မူ​ပြီ။ကိုယ်​တော်​သည်​မိ​မိ​၏​စိတ်​ကို​ပြောင်း​လဲ တော်​မူ​လိမ့်​မည်​မ​ဟုတ်''ဟူ​၍​ကိုယ်​တော်​အား​မိန့်​မြွက်​တော်​မူ​၏။-

22 ဤ​သို့​ခန့်​ထား​ပုံ​ကွာ​ခြား​မှု​ကြောင့်​သ​ခင် ယေ​ရှု​သည် ပို​မို​ကောင်း​မြတ်​သည့်​ပ​ဋိ​ညာဉ် တ​ရား​တော်​၏​အာ​မ​ခံ​ဖြစ်​တော်​မူ​၏။