1 ဤကျမ်းစောင်တွင်ဣသရေလအမျိုးသား တို့ ယော်ဒန်မြစ်အရှေ့ဘက်တောကန္တာရသို့ ရောက်ရှိကြသောအခါ မောရှေကသူတို့ အားပြောကြားသည့်စကားကိုမှတ်တမ်း တင်ထားသည်။ သူတို့သည်သုဖမြို့အနီး ယော်ဒန်မြစ်ဝှမ်းတွင်ရောက်ရှိနေကြသည်။ သူတို့တစ်ဘက်၌ပါရန်မြို့ရှိ၍အခြား တစ်ဘက်၌တောဖေလမြို့၊ လာဗန်မြို့၊ ဟာဇရုတ်မြို့၊ ဒိဇဟတ်မြို့တို့ရှိကြသည်။-
2 (သိနာတောင်မှကာဒေရှဗာနာအရပ်သို့ တောင်ထူထပ်သောဧဒုံပြည်လမ်းဖြင့် ခရီး သွားသော်တစ်ဆယ့်တစ်ရက်ကြာ၏။-)
3 ဣသရေလအမျိုးသားတို့သည်အီဂျစ်ပြည် မှထွက်လာကြပြီးနောက် လေးဆယ်မြောက်သော နှစ်၊ တစ်ဆယ့်တစ်လ၊ ပထမနေ့ရက်၌ထာဝရ ဘုရားကဣသရေလအမျိုးသားတို့အား မိန့်တော်မူသမျှကိုမောရှေသည်ထပ်မံ၍ ဆင့်ဆိုလေ၏။-
4 မောရှေသည်ဟေရှဘုန်မြို့တွင်စိုးစံသော အာမောရိဘုရင်ရှိဟုန်ကိုလည်းကောင်း၊ အာရှ တရုတ်မြို့နှင့်ဧဒြိမြို့များတွင်စိုးစံသော ဗာရှန်ဘုရင်သြဃကိုလည်ကောင်း၊ နှိမ် နှင်းပြီးနောက်အောက်ပါအတိုင်းဆင့်ဆို ခြင်းဖြစ်သည်။-
5 မောရှေသည်ဣသရေလအမျိုးသားတို့ ယော်ဒန်မြစ်အရှေ့ဘက်မောဘပြည်တွင် ရောက်ရှိနေကြစဉ် ဘုရားသခင်၏ပညတ် များနှင့်သွန်သင်ချက်များကိုစတင်ရှင်းလင်း ပေးလေသည်။