တ​ရား​ဟော 1:27-35 BCL

27 သင်​တို့​က`ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​တို့​ကို မုန်း​သ​ဖြင့် အာ​မော​ရိ​အ​မျိုး​သား​တို့​၏​လက် ဖြင့် ငါ​တို့​အား​သေ​စေ​ခြင်း​ငှာ​အီ​ဂျစ်​ပြည် မှ​ထုတ်​ဆောင်​တော်​မူ​ခဲ့​၏။-

28 ငါ​တို့​သည်​အ​ဘယ်​ကြောင့် ထို​ပြည်​သို့​သွား ရ​ပါ​မည်​နည်း။ ငါ​တို့​သည်​ကြောက်​ရွံ့​ပါ​၏။ ငါ​တို့​စေ​လွှတ်​လိုက်​သော​သူ​များ​ပြော​ကြား ချက်​အ​ရ ထို​ပြည်​သား​တို့​သည်​ငါ​တို့​ထက် ခွန်​အား​ကြီး​၍ အ​ရပ်​အ​မောင်း​လည်း​မြင့်​မား သည်။ သူ​တို့​သည်​မိုး​ထိ​အောင်​မြင့်​သော​မြို့​ရိုး အ​တွင်း​၌​နေ​ထိုင်​ကြ​သည်။ အ​လွန်​ထွား ကြိုင်း​သော​သူ​များ​ကို​တွေ့​မြင်​ခဲ့​ကြ​သည်' ဟူ​၍​သင်​တို့​ပြော​ဆို​ညည်း​ညူ​ကြ​သည်။

29 ``ထို​အ​ခါ ငါ​က​သင်​တို့​အား`ထို​သူ​တို့​ကို မ​ကြောက်​ကြ​နှင့်။-

30-31 သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် အီ​ဂျစ်​ပြည်​နှင့်​တော​ကန္တာ​ရ​၌​သင်​တို့​အား စောင့်​ရှောက်​ခဲ့​သည့်​နည်း​တူ ယ​ခု​လည်း​သင်​တို့ ကို​ဦး​ဆောင်​၍​သင်​တို့​ဘက်​၌​စစ်​ကူ​တိုက်​တော် မူ​လိမ့်​မည်။ အ​ဖ​က​သား​ကို​ချီ​ပိုက်​သ​ကဲ့​သို့ ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား​ချီ​ပိုက်​လျက် ဤ​အ​ရပ်​သို့​ရောက်​ရှိ​သည့်​တိုင်​အောင်​ပို့​ဆောင် တော်​မူ​ခဲ့​ကြောင်း​ကို သင်​တို့​သိ​မြင်​ရ​ကြ​ပြီ' ဟူ​၍​ပြော​ခဲ့​သည်။-

32-33 ယင်း​သို့​ငါ​ပြော​သော်​လည်း သင်​တို့​သည်​ည အ​ချိန်​၌​မီး​တိမ်​တိုင်​အား​ဖြင့်​လည်း​ကောင်း၊ နေ့ အ​ချိန်​၌​မိုး​တိမ်​တိုင်​အား​ဖြင့်​လည်း​ကောင်း သင် တို့​ကို​ရှေ့​က​ကြွ​သွား​၍​လမ်း​ပြ​လျက် သင်​တို့ စ​ခန်း​ချ​ရာ​နေ​ရာ​ကို​ရှာ​ပေး​တော်​မူ​ခဲ့​သော ထာ​ဝ​ရ​ဘု​ရား​အား​မ​ယုံ​ကြည်​မ​ကိုး စား​ကြ။''

34 ``ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​၏​ညည်း​ညူ သံ​ကို​ကြား​ရ​သော​အ​ခါ​အ​မျက်​ထွက်​လျက် အ​လေး​အ​နက်​ကြေ​ညာ​တော်​မူ​၏။-

35 ကိုယ်​တော်​က`သင်​တို့​၏​ဘိုး​ဘေး​တို့​အား​ငါ​ပေး မည်​ဟူ​၍​က​တိ​ထား​သော​မြေ​သြ​ဇာ​ကောင်း သည့်​ပြည်​သို့ ဆိုး​ယုတ်​သော​ဤ​လူ​မျိုး​ဆက်​ထဲ မှ​တစ်​ဦး​တစ်​ယောက်​မျှ​မ​ဝင်​ရ။-