6 မောရှေက``ငါတို့သည်သိနာတောင်တွင်ရှိနေ ကြစဉ် ငါတို့၏ဘုရားသခင်ထာဝရဘုရား က`သင်တို့သည်ဤတောင်တွင်ကြာမြင့်စွာနေ ထိုင်ခဲ့ကြပြီ။-
7 စခန်းသိမ်း၍ခရီးဆက်ကြလော့။ အာမောရိ အမျိုးသားတို့နေထိုင်ရာတောင်ကုန်းဒေသ နှင့် ၎င်းအနီးရှိဒေသများဖြစ်သောတောင် ကုန်းဒေသ၊ လွင်ပြင်ဒေသ၊ တောင်ဘက်ဒေသ၊ မြေထဲပင်လယ်ကမ်းခြေတို့သို့သွားကြလော့။ ခါနာန်ပြည်သို့သွားကြလော့။ ထိုမှတစ်ဖန် လေဗနုန်တောင်ကိုကျော်၍ ဥဖရတ်မြစ်သို့ တိုင်အောင်သွားကြလော့။-
8 သင်တို့၏ဘိုးဘေးများဖြစ်ကြသောအာဗြ ဟံ၊ ဣဇာက်၊ ယာကုပ်မှစ၍သူတို့၏အဆက် အနွယ်တို့အား ဤဒေသအားလုံးကိုပေး မည်ဟု ငါထာဝရဘုရားကတိထားတော် မူခဲ့သည်။ သင်တို့သွား၍သိမ်းယူကြလော့' ဟူ၍မိန့်တော်မူသည်'' ဟုဆို၏။
9 မောရှေက``ထာဝရဘုရားကငါသည်သင်တို့ အားခေါင်းဆောင်ရသည့်တာဝန်မှာ ငါ့အတွက် အလွန်ကြီးလေးလှသည်။ ငါတစ်ဦးတည်း ထိုတာဝန်ကိုမထမ်းနိုင်။-
10 သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် မိုးကောင်းကင်ရှိကြယ်များနှင့်အမျှသင်တို့ ကိုများပြားစေတော်မူပြီ။-
11 သင်တို့ဘိုးဘေးတို့၏ဘုရားသခင်ထာဝရ ဘုရားသည် သင်တို့အားအဆပေါင်းတစ်ထောင် တိုးပွားများပြားပါစေသော။ ကတိတော်ရှိ သည့်အတိုင်းကောင်းချီးပေးတော်မူပါစေ သော။-
12 သို့ရာတွင်သင်တို့၏အငြင်းပွားမှုများကို ဖြေရှင်းရသည့်ကြီးလေးသောတာဝန်ကို ငါ တစ်ဦးတည်းမည်သို့ထမ်းဆောင်နိုင်ပါအံ့ နည်း။-