တ​ရား​ဟော 12:22-28 BCL

22 သင်​တို့​အ​ပေါင်း​သည်​သမင်​ဒရယ်​သား​ကို​စား ခွင့်​ရှိ​သ​ကဲ့​သို့ ဘာ​သာ​ရေး​ထုံး​တမ်း​အ​ရ စင်​ကြယ်​သူ​ဖြစ်​စေ၊ မ​စင်​ကြယ်​သူ​ဖြစ်​စေ ထို​အ​သား​ကို​စား​ခွင့်​ရှိ​သည်။-

23 သို့​ရာ​တွင်​သွေး​သည်​အ​သက်​ဖြစ်​သော​ကြောင့် သွေး​ကို​မ​စား​ရ။ သို့​ဖြစ်​၍​သွေး​ပါ​ရှိ​သော အသား​ကို​မ​စား​ရ။-

24 သွေး​ကို​မစား​သုံး​ရ။ ရေ​ကို​မြေ​ပေါ်​မှာ​သွန် သ​ကဲ့​သို့​သွေး​ကို​သွန်​ရ​မည်။-

25 ဤ​ပညတ်​ကို​လိုက်​နာ​ခြင်း​သည်​ထာ​ဝ​ရ​ဘု​ရား နှစ်​သက်​တော်​မူ​သော​အ​မှု​ဖြစ်​၏။ သို့​ဖြစ်​၍​သင် တို့​သည်​ဤ​ပ​ညတ်​ကို​လိုက်​နာ​လျှင် သင်​တို့​နှင့် သင်​တို့​၏​အ​ဆက်​အ​နွယ်​တို့​သည်​လည်း​ကောင်း စား​ကြ​လိမ့်​မည်။-

26 သင်​တို့​၏​ပူ​ဇော်​သ​ကာ​နှင့် ဆက်​ကပ်​ပါ​မည် ဟု​က​တိ​ပြု​ထား​သော​လက်​ဆောင်​ပ​ဏ္ဏာ​များ ကို​ထာ​ဝ​ရ​ဘု​ရား​အား​ဝတ်​ပြု​ရာ​တစ်​ခု တည်း​သော​ဌာ​န​သို့​ယူ​ဆောင်​သွား​ရ​ကြ​မည်။-

27 ထို​ဝတ်​ပြု​ရာ​ဌာ​န​ရှိ​ထာ​ဝ​ရ​ဘု​ရား​၏ ယဇ်​ပလ္လင်​ပေါ်​၌ မီး​ရှို့​ရာ​ယဇ်​ကို​ပူ​ဇော်​ရ မည်။ ယဇ်​ပလ္လင်​ပေါ်​တွင်​ယဇ်​ကောင်​၏​သွေး​ကို သွန်း​၍​အ​သား​ကို​စား​ရ​သော​ယဇ်​ကို လည်း​ပူ​ဇော်​ရ​မည်။-

28 သင်​တို့​သည်​ငါ​မှာ​ကြား​သ​မျှ​တို့​ကို​တစ် သ​ဝေ​မ​တိမ်း​လိုက်​နာ​ကြ​ခြင်း​အား​ဖြင့် သင် တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော် တွင်​မှန်​ကန်​သော​အ​မှု၊ နှစ်​သက်​တော်​မူ​ဖွယ် သော​အ​မှု​ကို​ပြု​ကြ​သော​ကြောင့် သင်​တို့​နှင့် သင်​တို့​၏​အ​ဆက်​အ​နွယ်​တို့​သည် အ​စဉ် အ​မြဲ​ချမ်း​သာ​စွာ​နေ​ထိုင်​ရ​ကြ​လိမ့်​မည်။''