တ​ရား​ဟော 14:10-22 BCL

10 ဆူး​တောင်​နှင့်​အ​ကြေး​မ​ရှိ​သော​ရေ​သတ္တ​ဝါ များ​ကို​မူ​ကား​မ​စား​ရ။ ယင်း​တို့​ကို​မ​သန့် ဟု​မှတ်​ရ​မည်။

11 ``သင်​တို့​သည် သန့်​စင်​သော​ငှက်​ဟူ​သ​မျှ​ကို စား​နိုင်​သည်။-

12-18 သင်​တို့​မ​စား​ရ​သော​ငှက်​များ​သည်​ကား​လင်း ယုန်၊ ဇီး​ကွက်၊ သိမ်း​ငှက်​မျိုး၊ လင်း​တ၊ ကျီး၊ ငှက် ကု​လား​အုတ်၊ ဇင်​ယော်၊ ငှက်​ကျား၊ ဗျိုင်း၊ ငှက် ကြီး​ဝံ​ပို၊ တင်​ကျီး၊ တောင်​သူ​ဘီး​ငှက်၊ လင်း​နို့ စ​သည်​တို့​ဖြစ်​၏။

19 ``အ​တောင်​ရှိ​သော​ပိုး​မွှား​တို့​သည် မ​သန့်​စင် သော​ကြောင့်​မ​စား​ရ။-

20 သန့်​စင်​သော​ပိုး​မွှား​များ​ကို​မူ​ကား​စား​နိုင်​၏။

21 ``အ​လို​အ​လျောက်​သေ​သော​တိ​ရစ္ဆာန်​၏​အ​သား ကို​မ​စား​ရ။ သင်​တို့​နှင့်​တစ်​ရပ်​တည်း​နေ​ထိုင် သော​လူ​မျိုး​ခြား​တို့​အား ထို​အ​သား​ကို​စား ခွင့်​ပြု​နိုင်​၏။ သို့​မ​ဟုတ်​ထို​အ​သား​ကို​လူ​မျိုး ခြား​တို့​အား​ရောင်း​ခွင့်​ရှိ​သည်။ သင်​တို့​ကို​မူ ကား သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပိုင်​တော်​မူ​၏။ သင်​တို့​သည်​ကိုယ်​တော်​၏ လူ​မျိုး​တော်​ဖြစ်​ကြ​၏။``သိုး​က​လေး​သို့​မ​ဟုတ်​ဆိတ်​က​လေး​ကို ယင်း​၏​အ​မိ​နို့​ရည်​၌​မ​ချက်​မ​ပြုတ်​ရ။''

22 ``နှစ်​စဉ်​သင်​တို့​၏​လယ်​ယာ​များ​မှ ထွက်​သ​မျှ သော​အ​သီး​အ​နှံ​ဆယ်​ဖို့​တစ်​ဖို့​ကို သီး​သန့် ဖယ်​ထား​ရ​မည်။-