တ​ရား​ဟော 14:22-28 BCL

22 ``နှစ်​စဉ်​သင်​တို့​၏​လယ်​ယာ​များ​မှ ထွက်​သ​မျှ သော​အ​သီး​အ​နှံ​ဆယ်​ဖို့​တစ်​ဖို့​ကို သီး​သန့် ဖယ်​ထား​ရ​မည်။-

23 ထို့​နောက်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား ရွေး​ချယ်​ထား​တော်​မူ​သော​ဘု​ရား ဝတ်​ပြု​ရာ​တစ်​ခု​တည်း​သော​ဌာ​န​သို့​သွား​၍ ထို​ဌာ​န​တွင်​ကိုယ်​တော်​၏​ရှေ့​တော်​၌ သင်​တို့ ဆယ်​ဖို့​တစ်​ဖို့​သီး​သန့်​ဖယ်​ထား​သော​စ​ပါး၊ စ​ပျစ်​ရည်၊ သံ​လွင်​ဆီ၊ နွား​နှင့်​သိုး​တို့​၏​သား ဦး​ပေါက်​များ​ကို​စား​သုံး​ရ​ကြ​မည်။ ဤ နည်း​အား​ဖြင့်​သင်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို အ​စဉ်​ကြောက်​ရွံ့​ရို​သေ ရ​မည်​ဖြစ်​ကြောင်း​သင်​တို့​သိ​နား​လည်​ကြ လိမ့်​မည်။-

24 ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား​ကောင်း​ချီး ပေး​သ​ဖြင့် ရ​ရှိ​သော​ဝတ္ထု​ပစ္စည်း​ထဲ​မှ​ဆယ်​ဖို့ တစ်​ဖို့​ကို ဘုရား​ဝတ်​ပြု​ရာ​ဌာ​န​သို့​ယူ​ဆောင် သွား​ရန်​ခ​ရီး​ဝေး​လွန်း​လျှင်၊-

25 ထို​ပစ္စည်း​ကို​ရောင်း​ချ​၍​ရ​သော​ငွေ​ကို ဘု​ရား ဝတ်​ပြု​ရာ​တစ်​ခု​တည်း​သော​ဌာ​န​သို့​ယူ သွား​ရ​မည်။-

26 ထို​ငွေ​ဖြင့်​သင်​တို့​နှစ်​သက်​ရာ​အ​မဲ​သား၊ သိုး သား၊ စ​ပျစ်​ရည်၊ အ​ရက်​သေ​ရည်​စ​သည်​တို့ ကို​ဝယ်​၍ ထို​ဌာ​န​တွင်​သင်​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​၌ သင်​နှင့်​သင် တို့​၏​မိ​သား​စု​များ​သည်​ပျော်​ရွှင်​စွာ​စား သောက်​ရ​ကြ​မည်။

27 ``သင်​တို့​၏​မြို့​ရွာ​များ​တွင်​နေ​ထိုင်​ကြ​သော လေ​ဝိ​အ​မျိုး​သား​များ​၌ ကိုယ်​ပိုင်​ပစ္စည်း​ဟူ ၍​မ​ရှိ​သ​ဖြင့်​သူ​တို့​အား​ပြု​ရ​မည့်​ဝတ် မ​ပျက်​စေ​နှင့်။-

28 သုံး​နှစ်​လျှင်​တစ်​ကြိမ်​သင်​တို့​သည် ထွက်​သ​မျှ အ​သီး​အ​နှံ​ထဲ​မှ​ဆယ်​ဖို့​တစ်​ဖို့​ကို သင်​တို့ ၏​မြို့​ရွာ​များ​တွင်​စု​ဆောင်း​ထား​ရ​မည်။-