တ​ရား​ဟော 15:1-6 BCL

1 ``ခု​နစ်​နှစ်​လျှင်​တစ်​ကြိမ်​မြီ​ရှင်​တို့​သည် မြီ​စား တို့​ထံ​မှ​ရ​ရှိ​ရန်​ရှိ​သော​အ​ကြွေး​ရှိ​သ​မျှ ကို သင်​ပုန်း​ချေ​ပယ်​ပစ်​ရ​မည်။-

2 အ​ကြွေး​များ​ကို​သင်​ပုန်း​ချေ​ပယ်​ဖျက်​နည်း ကား​ဤ​သို့​တည်း။ ဣ​သ​ရေ​လ​အမျိုး​သား​ချင်း တစ်​ဦး​အား​ငွေ​ချေး​ထား​သူ​သည် ထို​အ​ကြွေး ကို​သင်​ပုန်း​ချေ​ပယ်​ဖျက်​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား ကိုယ်​တော်​တိုင်​သင်​ပုန်း​ချေ​ပယ်​ဖျက်​ကြောင်း ကြေ​ညာ​ပြီး​ဖြစ်​သော​ကြောင့် အ​ကြွေး​ကို ပြန်​၍​မ​တောင်း​ရ။-

3 လူ​မျိုး​ခြား​များ​ထံ​မှ​အ​ကြွေး​ကို​တောင်း​ယူ နိုင်​သော်​လည်း ကိုယ်​အ​မျိုး​သား​ချင်း​ထံ​မှ အ​ကြွေး​ကို​မူ​ကား​မ​တောင်း​ရ။''

4-5 ``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည် သင်​တို့​အား​ပေး​သ​နား​သော​ပြည်​တွင် သင်​တို့​အား​ကောင်း​ချီး​ပေး​တော်​မူ​မည်။ သင် တို့​အား​ငါ​ယ​နေ့​ပ​ညတ်​သ​မျှ​တို့​ကို​စောင့် ထိန်း​၍ ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​ကို နာ​ခံ​လျှင် သင်​တို့​လူ​မျိုး​တွင်​မည်​သူ​မျှ မ​ဆင်း​ရဲ​ရ။-

6 ထာ​ဝ​ရ​ဘု​ရား​သည်​က​တိ​တော်​ရှိ​သည့် အ​တိုင်း သင်​တို့​အား​ကောင်း​ချီး​ပေး​တော်​မူ သ​ဖြင့် သင်​တို့​သည်​လူ​မျိုး​များ​စွာ​တို့​အား ငွေ​ချေး​ရ​လိမ့်​မည်။ သင်​တို့​က​မူ​ကား​သူ​တို့ ထံ​မှ​ချေး​ငှား​ခြင်း​ပြု​ရ​မည်​မ​ဟုတ်။ သင်​တို့ သည်​လူ​မျိုး​များ​စွာ​တို့​ကို​အုပ်​စိုး​ရ​လိမ့် မည်။ မည်​သည့်​လူ​မျိုး​က​မျှ​သင်​တို့​ကို မ​အုပ်​စိုး​ရ။''