16 ``သို့ရာတွင်ကျွန်သည် သင်နှင့်သင်၏မိသားစု ကိုခင်မင်၍ပျော်ပိုက်နေသဖြင့် အိမ်မှထွက် မသွားလိုပါဟုဆိုလျှင်၊-
17 သူ့ကိုအိမ်တံခါးသို့ခေါ်ဆောင်ပြီးနောက် သူ ၏နားကိုစူးဖြင့်ဖောက်ရမည်။ ထိုအခါသူ သည်သင်ထံ၌ရာသက်ပန်ကျွန်ခံရမည်။ ကျွန်မိန်းမကိုလည်းထိုနည်းတူပြုရမည်။-
18 သင်သည်ကျွန်တစ်ယောက်ကိုလွတ်ခွင့်ပေး ရာ၌ စိတ်အနှောင့်အယှက်မဖြစ်စေနှင့်။ စင်စစ်သူသည်အစေခံငှားခထက်ဝက် မျှဖြင့် ခြောက်နှစ်ပတ်လုံးသင့်ထံ၌ကျွန်ခံခဲ့လေပြီ။ ယင်းသို့ပြုလျှင်သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် သင်တို့ဆောင်ရွက် သမျှကိုကောင်းချီးပေးတော်မူမည်။''
19 ``သင်တို့၏နွားနှင့်သိုးသားဦးပေါက်အထီး ဟူသမျှကို သင်တို့၏ဘုရားသခင်ထာဝရ ဘုရားအတွက်သီးသန့်ထားရမည်။ နွားသား ဦးပေါက်များကိုမခိုင်းစေရ။ သိုးသားဦး ပေါက်များကိုလည်းအမွေးမညှပ်ရ။-
20 နှစ်စဉ်သင်နှင့်သင်၏မိသားစုတို့သည် ဘုရား ဝတ်ပြုရာတစ်ခုတည်းသောဌာနတွင်ထာဝရ ဘုရား၏ရှေ့တော်၌ ထိုနွားဦးပေါက်နှင့် သိုးဦးပေါက်တို့၏အသားကိုစားရမည်။-
21 ထိုနွားနှင့်သိုးတို့တွင်ခြေဆွံ့ခြင်း၊ မျက်စိကန်း ခြင်း၊ သို့မဟုတ်အခြားသောအနာအဆာ တစ်ခုခုရှိလျှင် သင်၏ဘုရားသခင်ထာဝရ ဘုရားအားမပူဇော်ရ။-
22 ထိုကဲ့သို့သောတိရစ္ဆာန်များ၏အသားကို သင် တို့၏မြို့ရွာများတွင်စားနိုင်သည်။ သင်တို့တွင် ဘာသာရေးထုံးနည်းအရသန့်စင်သူ၊ မသန့် စင်သူအပေါင်းတို့သည်သမင်သား၊ ဒရယ် သားကိုစားသည့်နည်းတူထိုတိရစ္ဆာန်တို့၏ အသားကိုစားနိုင်သည်။-