18 ``သင်တို့၏ဘုရားသခင်ထာဝရဘုရား ပေးသနားတော်မူသည့်မြို့တိုင်းတွင် တရား သူကြီးများနှင့်အခြားအရာရှိများကို ခန့်ထားရမည်။ ဤသူတို့သည်မျက်နှာ မလိုက်ဘဲတရားစီရင်ရမည်။-
19 တရားစီရင်ရာတွင်မတရားသဖြင့်စီရင် ခြင်း၊ မျက်နှာလိုက်ခြင်းမပြုလုပ်ရ။ တံစိုး လက်ဆောင်ကိုလည်းလက်မခံရ။ တံစိုးလက် ဆောင်သည်ပညာရှိနှင့်ဖြောင့်မတ်သူတို့၏ မျက်စိကိုဖုံးကွယ်စေ၍ မှားယွင်းစွာအဆုံး အဖြတ်ချမှတ်စေတတ်၏။-
20 သင်တို့၏ဘုရားသခင်ထာဝရဘုရားပေး သနားတော်မူသောပြည်ကိုသိမ်းယူ၍ ထို ပြည်တွင်ဆက်လက်နေထိုင်နိုင်အံ့သောငှာ သင်တို့သည်တရားမျှတစွာအစဉ်ပြုမူ ကျင့်ကြံရကြမည်။''
21 ``သင်တို့၏ဘုရားသခင်ထာဝရဘုရား အတွက် ယဇ်ပလ္လင်ကိုတည်သောအခါပလ္လင် အနီးတွင်အာရှရဘုရားမ၏သစ်တိုင် ကိုမစိုက်မထူရ။-
22 ရုပ်တုကိုးကွယ်ခြင်းကျောက်တိုင်ကိုလည်း မစိုက်မထူရ။ ထာဝရဘုရားသည်ထို အရာများကိုရွံရှာတော်မူ၏။''