တ​ရား​ဟော 16:9-15 BCL

9 ``ကောက်​ပင်​ကို​စ​တင်​ရိတ်​သည့်​အ​ချိန်​မှ​စ​၍ ရက်​သတ္တ​ခုနစ်​ပတ်​ရေ​တွက်​လော့။-

10 ထို့​နောက်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​၏​ဂုဏ်​တော်​ကို​ချီး​မွမ်း​ရန် ကောက်​သိမ်း ပွဲ​တော်​ကို​ကျင်း​ပ​လော့။ သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား ကောင်း​ချီး​ပေး​တော်​မူ​သည်​နှင့်​အ​မျှ စေ​တ​နာ​အ​လျောက်​လှူ​ဖွယ်​သ​ကာ​ကို ထို​ပွဲ​တော်​သို့​ယူ​ဆောင်​ဆက်​ကပ်​လော့။-

11 သင်​တို့​၏​မြို့​များ​တွင်​နေ​ထိုင်​ကြ​သော​သင်​တို့ ၏​သား​သ​မီး​များ၊ ကျေး​ကျွန်​များ၊ လူ​မျိုး​ခြား များ၊ လေ​ဝိ​အ​မျိုး​သား​များ၊ မိ​ဘ​မဲ့​က​လေး များ၊ မု​ဆိုး​မ​များ​နှင့်​တ​ကွ​ထာ​ဝ​ရ​ဘု​ရား ၏​ရှေ့​တော်​၌​ပျော်​ပွဲ​ခံ​ကြ​လော့။ ထို​ပွဲ​တော် ကို​တစ်​ခု​တည်း​သော​ဝတ်​ပြု​ရာ​ဌာ​န​တော် တွင်​ကျင်း​ပ​ရ​မည်။-

12 သင်​တို့​သည်​ဤ​ပ​ညတ်​များ​ကို​စောင့်​ထိန်း​ရန် သ​တိ​ပြု​ကြ​လော့။ သင်​တို့​သည်​အီ​ဂျစ် ပြည်​တွင်​ကျွန်​ခံ​ခဲ့​ဖူး​ကြောင်း​မ​မေ့​နှင့်။''

13 ``သင်​တို့​သည်​ကောက်​နယ်​တ​လင်း​မှ​စပါး​နှင့် ကျင်း​ထဲ​မှ​စပျစ်​သီး​များ​ကို​နယ်​ပြီး​သည့် အ​ခါ သစ်​သီး​သိမ်း​ပွဲ​တော်​ကို​ခု​နစ်​ရက် ပတ်​လုံး​ကျင်း​ပ​ရ​မည်။-

14 သင်​တို့​မြို့​များ​တွင်​နေ​ထိုင်​ကြ​သော​သင်​တို့ ၏​သား​သ​မီး​များ၊ ကျေး​ကျွန်​များ၊ လေ​ဝိ အ​မျိုး​သား​များ၊ လူ​မျိုး​ခြား​များ၊ မိ​ဘ​မဲ့ က​လေး​များ၊ မု​ဆိုး​မ​များ​နှင့်​အ​တူ​တ​ကွ ထို​ပွဲ​တော်​ကို​ကျင်း​ပ​လော့။-

15 သင်​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ် တော်​ကို ချီး​မွမ်း​သည့်​ဤ​ပွဲ​တော်​ကို​ခု​နစ်​ရက် တိုင်​တိုင်​တစ်​ခု​တည်း​သော​ဝတ်​ပြု​ရာ​ဌာ​န တော်​တွင်​ကျင်း​ပ​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား ကောင်း​ချီး​ပေး​တော်​မူ​သ​ဖြင့် သင်​တို့​သည် အ​သီး​အ​နှံ​ရိတ်​သိမ်း​ရ​သော​ကြောင့်​လည်း ကောင်း၊ သင်​တို့​၏​လုပ်​ငန်း​များ​အောင်​မြင် သော​ကြောင့်​လည်း​ကောင်း​ပျော်​ပွဲ​ခံ​ကြ လော့။''