တ​ရား​ဟော 17:5-11 BCL

5 ထို​ဒု​စ​ရိုက်​ကူး​လွန်​သူ​ကို​မြို့​ပြင်​သို့​ထုတ် လျက် ကျောက်​ခဲ​နှင့်​ပစ်​သတ်​ရ​မည်။-

6 သို့​ရာ​တွင်​သက်​သေ​ခံ​နှစ်​ဦး​သုံး​ဦး​ရှိ​မှ သာ​ထို​အ​ပြစ်​ရှိ​သူ​ကို​သေ​ဒဏ်​စီ​ရင်​ရ မည်။ သက်​သေ​တစ်​ဦး​တည်း​၏​ထွက်​ချက် ဖြင့်​ထို​သူ​ကို​သေ​ဒဏ်​မ​စီ​ရင်​ရ။-

7 သက်​သေ​ခံ​များ​က​ထို​သူ​ကို​ကျောက်​ခဲ​နှင့် အ​ဦး​ဆုံး​ပစ်​ပြီး​မှ​အ​ခြား​သူ​များ​က ကျောက်​ခဲ​နှင့်​ပစ်​ရ​မည်။ ဤ​နည်း​အား​ဖြင့် ထို​ဒု​စ​ရိုက်​ကို​ဖယ်​ရှား​နိုင်​လိမ့်​မည်။''

8 ``ဒေ​သ​ခံ​တ​ရား​သူ​ကြီး​များ​သည် လူ​သတ် မှု​နှင့်​လူ​သေ​မှု​၌​သော်​လည်း​ကောင်း၊ ပစ္စည်း ပိုင်​ဆိုင်​ခွင့်​အမှု​အ​ခင်း​များ​နှင့်​ကိုယ်​ထိ​လက် ရောက်​ထိ​ခိုက်​ဒဏ်​ရာ​ရ​စေ​သော​အ​မှု​အ​ခင်း များ​၌​သော်​လည်း​ကောင်း အ​ဆုံး​အ​ဖြတ်​ပေး ရန်​ခဲ​ယဉ်း​ခြင်း​ရှိ​သော​အ​ခါ သင်​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ရွေး​ချယ် တော်​မူ​သည့်​တစ်​ခု​တည်း​သော​ကိုး​ကွယ် ရာ​ဌာ​န​သို့​သွား​၍၊-

9 လေ​ဝိ​အ​နွယ်​ဝင်​ယဇ်​ပု​ရော​ဟိတ်​များ​နှင့် တာ​ဝန်​ကျ​တ​ရား​သူကြီး​ထံ​အ​မှု​ကို တင်​ပြ​၍​အ​ဆုံး​အ​ဖြတ်​ခံ​ယူ​ရ​မည်။-

10 သူ​တို့​၏​စီ​ရင်​ဆုံး​ဖြတ်​ချက်​အ​တိုင်း​အ​တိ အ​ကျ​လိုက်​နာ​ရ​မည်။-

11 သင်​တို့​သည်​သူ​တို့​၏​စီ​ရင်​ဆုံး​ဖြတ်​ချက်​ကို လက်​ခံ​၍ ညွှန်​ကြား​ချက်​အ​တိုင်း​တစ်​သ​ဝေ မ​တိမ်း​လိုက်​နာ​ရ​မည်။-