တ​ရား​ဟော 17:8-14 BCL

8 ``ဒေ​သ​ခံ​တ​ရား​သူ​ကြီး​များ​သည် လူ​သတ် မှု​နှင့်​လူ​သေ​မှု​၌​သော်​လည်း​ကောင်း၊ ပစ္စည်း ပိုင်​ဆိုင်​ခွင့်​အမှု​အ​ခင်း​များ​နှင့်​ကိုယ်​ထိ​လက် ရောက်​ထိ​ခိုက်​ဒဏ်​ရာ​ရ​စေ​သော​အ​မှု​အ​ခင်း များ​၌​သော်​လည်း​ကောင်း အ​ဆုံး​အ​ဖြတ်​ပေး ရန်​ခဲ​ယဉ်း​ခြင်း​ရှိ​သော​အ​ခါ သင်​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ရွေး​ချယ် တော်​မူ​သည့်​တစ်​ခု​တည်း​သော​ကိုး​ကွယ် ရာ​ဌာ​န​သို့​သွား​၍၊-

9 လေ​ဝိ​အ​နွယ်​ဝင်​ယဇ်​ပု​ရော​ဟိတ်​များ​နှင့် တာ​ဝန်​ကျ​တ​ရား​သူကြီး​ထံ​အ​မှု​ကို တင်​ပြ​၍​အ​ဆုံး​အ​ဖြတ်​ခံ​ယူ​ရ​မည်။-

10 သူ​တို့​၏​စီ​ရင်​ဆုံး​ဖြတ်​ချက်​အ​တိုင်း​အ​တိ အ​ကျ​လိုက်​နာ​ရ​မည်။-

11 သင်​တို့​သည်​သူ​တို့​၏​စီ​ရင်​ဆုံး​ဖြတ်​ချက်​ကို လက်​ခံ​၍ ညွှန်​ကြား​ချက်​အ​တိုင်း​တစ်​သ​ဝေ မ​တိမ်း​လိုက်​နာ​ရ​မည်။-

12 တာ​ဝန်​ကျ​တ​ရား​သူ​ကြီး​သို့​မ​ဟုတ်​ယဇ် ပု​ရော​ဟိတ်​၏​စီ​ရင်​ဆုံး​ဖြတ်​ချက်​ကို မ​နာ ခံ​သော​သူ​အား​သေ​ဒဏ်​စီ​ရင်​ရ​မည်။ ဤ နည်း​အား​ဖြင့်​ဣ​သ​ရေ​လ​လူ​မျိုး​မှ​ထို ဒု​စ​ရိုက်​ကို​ဖယ်​ရှား​နိုင်​လိမ့်​မည်။-

13 ထို​အ​ခါ​လူ​အ​ပေါင်း​တို့​သည်​ထို​သ​တင်း ကို​ကြား​၍​ကြောက်​ရွံ့​သ​ဖြင့် ထို​ကဲ့​သို့ နောက်​တစ်​ဖန်​ပြု​ဝံ့​မည်​မ​ဟုတ်​ချေ။''

14 ``သင်​တို့​သည်​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​သ​နား​တော်​မူ​မည့်​ပြည်​ကို​သိမ်း​ပိုက်​နေ ထိုင်​ကြ​သော​အ​ခါ ပတ်​ဝန်း​ကျင်​နိုင်ငံ​များ နည်း​တူ​ဘု​ရင်​တစ်​ပါး​ကို​နန်း​တင်​လို ကြ​ပေ​လိမ့်​မည်။-