တ​ရား​ဟော 18:1-4 BCL

1 ``ယဇ်​ပု​ရော​ဟိတ်​အ​မျိုး​ဖြစ်​သော​လေဝိ​အ​နွယ် ဝင်​အ​ပေါင်း​တို့​သည် ဣ​သ​ရေ​လ​နိုင်​ငံ​တွင်​နယ် မြေ​ဝေ​စု​မ​ရ​ရှိ​စေ​ရ။ သို့​ရာ​တွင်​သူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​အား ဆက်​ကပ်​ပူ​ဇော်​သော​လှူ ဖွယ်​များ​ကို​သုံး​ဆောင်​ကြ​ရ​မည်။-

2 အ​ခြား​သော​အ​မျိုး​သား​ချင်း​တို့​ကဲ့​သို့​ကိုယ် ပိုင်​နယ်​မြေ​မ​ရှိ​ရ။ သူ​တို့​၏​ရ​ပိုင်​ခွင့်​သည် ကား​က​တိ​တော်​ရှိ​သည့်​အ​တိုင်း ထာ​ဝ​ရ ဘု​ရား​၏​ယဇ်​ပု​ရော​ဟိတ်​များ​ဖြစ်​ရ​သည့် အ​ခွင့်​ထူး​ပေ​တည်း။''

3 ``နွား​သို့​မ​ဟုတ်​သိုး​ကို​ယဇ်​ပူ​ဇော်​သော​အ​ခါ ပ​ခုံး၊ မေး​ရိုး​နှင့်​အ​စာ​အိမ်​ကို​ယဇ်​ပု​ရော ဟိတ်​တို့​အား​ပေး​ရ​မည်။-

4 စ​ပါး၊ စ​ပျစ်​ရည်၊ သံ​လွင်​ဆီ​နှင့်​သိုး​မွေး​တို့ မှ​အ​ဦး​အ​ဖျား​ဝေ​စု​ကို​လည်း​ပေး​ရ​မည်။-