တ​ရား​ဟော 18:3-9 BCL

3 ``နွား​သို့​မ​ဟုတ်​သိုး​ကို​ယဇ်​ပူ​ဇော်​သော​အ​ခါ ပ​ခုံး၊ မေး​ရိုး​နှင့်​အ​စာ​အိမ်​ကို​ယဇ်​ပု​ရော ဟိတ်​တို့​အား​ပေး​ရ​မည်။-

4 စ​ပါး၊ စ​ပျစ်​ရည်၊ သံ​လွင်​ဆီ​နှင့်​သိုး​မွေး​တို့ မှ​အ​ဦး​အ​ဖျား​ဝေ​စု​ကို​လည်း​ပေး​ရ​မည်။-

5 ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​၏​အ​နွယ်​များ ထဲ​မှ​လေ​ဝိ​အ​နွယ်​အား မိ​မိ​၏​အ​မှု​တော် ကို​အ​မြဲ​ဆောင်​ရွက်​ရန်​ရွေး​ကောက်​တော် မူ​၏။''

6 ``ဣ​သ​ရေ​လ​နိုင်​ငံ​ရှိ​မည်​သည့်​မြို့​မှ​မ​ဆို လေ​ဝိ​အ​မျိုး​သား​မည်​သူ​မ​ဆို တစ်​ခု​တည်း သော​ကိုး​ကွယ်​ရာ​ဌာ​န​တော်​သို့​သွား​ရောက်​၍၊-

7 ထို​ဌာ​န​တော်​တွင်​အ​မှု​တော်​ကို​ထမ်း​ဆောင် လျက်​ရှိ​သည့် အ​ခြား​လေဝိ​အမျိုး​သား​များ နည်း​တူ​အ​မှု​တော်​ကို​ထမ်း​ဆောင်​နိုင်​ခွင့်​ရှိ သည်။-

8 သူ​သည်​အ​ခြား​သော​ယဇ်​ပု​ရော​ဟိတ်​များ​ရ ရှိ​သော​အ​စား​အ​စာ​ဝေ​စု​အ​တိုင်း​ရ​ရှိ​ရ မည့်​အ​ပြင် မိ​မိ​၏​မိ​သား​စု​ထံ​မှ​ပေး​ပို့ သ​မျှ​ကို​လည်း​ရ​ယူ​နိုင်​ခွင့်​ရှိ​သည်။''

9 ``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​သ​နား​တော်​မူ​သော​ပြည်​သို့​ရောက်​ရှိ​ကြ သော​အ​ခါ သင်​တို့​သည်​ထို​ပြည်​တွင်​နေ​ထိုင် သည့် လူ​မျိုး​တို့​၏​ရွံ​ရှာ​ဖွယ်​သော​အ​လေ့ အ​ကျင့်​များ​ကို​မ​ကျင့်​ကြ​နှင့်။-