6 ``ဣသရေလနိုင်ငံရှိမည်သည့်မြို့မှမဆို လေဝိအမျိုးသားမည်သူမဆို တစ်ခုတည်း သောကိုးကွယ်ရာဌာနတော်သို့သွားရောက်၍၊-
7 ထိုဌာနတော်တွင်အမှုတော်ကိုထမ်းဆောင် လျက်ရှိသည့် အခြားလေဝိအမျိုးသားများ နည်းတူအမှုတော်ကိုထမ်းဆောင်နိုင်ခွင့်ရှိ သည်။-
8 သူသည်အခြားသောယဇ်ပုရောဟိတ်များရ ရှိသောအစားအစာဝေစုအတိုင်းရရှိရ မည့်အပြင် မိမိ၏မိသားစုထံမှပေးပို့ သမျှကိုလည်းရယူနိုင်ခွင့်ရှိသည်။''
9 ``သင်တို့၏ဘုရားသခင်ထာဝရဘုရား ပေးသနားတော်မူသောပြည်သို့ရောက်ရှိကြ သောအခါ သင်တို့သည်ထိုပြည်တွင်နေထိုင် သည့် လူမျိုးတို့၏ရွံရှာဖွယ်သောအလေ့ အကျင့်များကိုမကျင့်ကြနှင့်။-
10 သင်တို့၏သားသမီးများကိုမီးရှို့ရာယဇ် အဖြစ်မပူဇော်ရ။ သင်တို့သည်မှော်အတတ်၊ ဗေဒင်အတတ်၊ စုန်းကဝေအတတ်၊-
11 အင်းအိုင်လက်ဖွဲ့စီရင်သည့်အတတ်နှင့်သေ သူတို့ထံ မေးမြန်းသည့်အတတ်တို့ကိုမကျင့် သုံးရ။-
12 သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် ထိုကဲ့သို့သောဋ္ဌလေ့ကိုကျင့်သောလူမျိုးများ ကိုရွံရှာတော်မူသောကြောင့် သင်တို့ချီတက် ရာလမ်းကြောင်းမှသူတို့ကိုနှင်ထုတ်လျက် ရှိတော်မူ၏။-