တ​ရား​ဟော 19:18-21 BCL

18 တ​ရား​သူ​ကြီး​တို့​သည်​အ​မှု​ကို​စေ့​စပ်​စွာ စစ်​ဆေး​၍ ထို​သူ​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​ချင်း​အား မ​တ​ရား​စွပ်​စွဲ​ကြောင်း​စစ် ဆေး​တွေ့​ရှိ​ရ​လျှင်၊-

19 အ​စွပ်​စွဲ​ခံ​ရ​သူ​ခံ​ရ​မည့်​အ​ပြစ်​ဒဏ်​ကို​သူ့ အား​ခံ​စေ​ရ​မည်။ ဤ​နည်း​အား​ဖြင့်​သင်​တို့​သည် ထို​သို့​သော​ဒု​စ​ရိုက်​ကို​ဖယ်​ရှား​နိုင်​ကြ​မည်။-

20 လူ​အ​ပေါင်း​တို့​သည်​ထို​သတင်း​ကို​ကြား​ရ သ​ဖြင့် ကြောက်​ရွံ့​၍​နောင်​အ​ခါ​ထို​သို့​သော ဒု​စ​ရိုက်​ကို​ပြု​လုပ်​ဝံ့​ကြ​မည်​မ​ဟုတ်။-

21 ယင်း​သို့​သော​အ​မှု​များ​ကို​စီ​ရင်​ရာ​၌​သ​နား ညှာ​တာ​မှု​မ​ရှိ​စေ​ရ။ သူ​တစ်​ပါး​အ​သက်​ကို သတ်​လျှင် သေ​စား​သေ​စေ။ မျက်​စိ​ကို​ဖျက်​လျှင် မျက်​စိ​ဖျက်​ခံ​စေ။ သွား​ကို​ချိုး​လျှင်​သွား​ချိုး ခံ​စေ။ လက်​ကို​ချိုး​လျှင်​လက်​ချိုး​ခံ​စေ။ ခြေ ကို​ချိုး​လျှင်​ခြေ​ချိုး​ခံ​စေ။''