တ​ရား​ဟော 19:5-11 BCL

5 ပ​မာ​အား​ဖြင့်​လူ​နှစ်​ယောက်​တို့​သည်​တော ထဲ​သို့​သစ်​ခုတ်​ရန်​အ​တူ​သွား​ကြ​ရာ​၌ တစ် ယောက်​က​သစ်​ပင်​ကို​ခုတ်​လှဲ​နေ​စဉ်​ပု​ဆိန် သွား​သည်​အ​ရိုး​မှ​ကျွတ်​ထွက်​၍ အ​ခြား တစ်​ယောက်​ကို​ထိ​မှန်​သ​ဖြင့် ထို​သူ​သေ​လျှင် သတ်​မိ​သူ​သည်​ထို​သုံး​မြို့​အ​နက် တစ်​မြို့ မြို့​သို့​ထွက်​ပြေး​လျှင်​အ​သက်​ချမ်း​သာ ခွင့်​ရ​ရှိ​နိုင်​သည်။-

6 အ​ကယ်​၍​ခို​လှုံ​ရာ​မြို့​တစ်​မြို့​တည်း​သာ​ရှိ လျှင် ခ​ရီး​ကွာ​ဝေး​လှ​သော​ကြောင့်​သေ​သူ အ​တွက်​လက်​စား​ချေ​လို​သူ​က သတ်​သူ​နောက် သို့​လိုက်​၍​မီ​သော်​ဒေါ​သ​အ​လျောက်​အ​ပြစ် မဲ့​သူ​တစ်​ယောက်​ကို​သတ်​မိ​နိုင်​သည်။ စင်​စစ် အား​ဖြင့်​ထို​သူ​သည်​မိ​မိ​၏​ရန်​သူ​မ​ဟုတ် သူ​ကို​မ​တော်​တ​ဆ​သတ်​မိ​ခြင်း​သာ​ဖြစ်​၏။-

7 ထို​ကြောင့်​ငါ​သည်​သင်​တို့​အား​မြို့​သုံး​မြို့ ကို သီး​သန့်​သတ်​မှတ်​ထား​ရှိ​စေ​ခြင်း​ဖြစ် သည်။''

8 ``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​၏​ဘိုး​ဘေး​တို့​အား​ကတိ​ထား​တော်​မူ သည့်​အ​တိုင်း သင်​တို့​၏​နယ်​ကျယ်​ပြန့်​လာ​ပြီး လျှင် ကတိ​ထား​တော်​မူ​သော​မြေ​အား​လုံး ကို​အ​ပိုင်​ရ​ရှိ​သော​အ​ခါ၊-

9 ခို​လှုံ​ရာ​မြို့​သုံး​မြို့​ကို​ထပ်​မံ​၍​ရွေး​ချယ်​ရ မည်။ သင်​တို့​သည်​ငါ​ယ​ခု​မိန့်​မှာ​သ​မျှ​ကို သင် တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို​ချစ် မြတ်​နိုး​လျက် ကိုယ်​တော်​၏​သွန်​သင်​ချက်​များ အ​တိုင်း​လိုက်​လျှောက်​လျှင် ထာ​ဝ​ရ​ဘု​ရား သည်​ထို​ပြည်​ကို​သင်​တို့​အား​ပေး​သ​နား တော်​မူ​လိမ့်​မည်။-

10 ဤ​နည်း​အား​ဖြင့်​ထာ​ဝ​ရ​ဘု​ရား​ပေး​သ​နား တော်​မူ​မည့်​ပြည်​တွင် အ​ပြစ်​မဲ့​သူ​များ​အသက် မ​ဆုံး​ရ။ သင်​တို့​သည်​လည်း​အ​ပြစ်​မဲ့​သူ​များ ကို သေ​စေ​သည့်​အ​ပြစ်​ကူး​လွန်​မိ​မည်​မ​ဟုတ်။''

11 ``သို့​ရာ​တွင်​လူ​တစ်​ယောက်​သည် ရန်​သူ​ကို​အငြိုး ထား​၍​ချောင်း​မြောင်း​သတ်​ဖြတ်​ပြီး​လျှင် ထို​မြို့ တစ်​မြို့​သို့​ထွက်​ပြေး​ခို​လှုံ​သည့်​အ​ခါ​၌​မူ ကား၊-