တ​ရား​ဟော 2:1-4 BCL

1 ငါ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည့် အ​တိုင်း​လှည့်​၍ အာ​ကာ​ဘာ​ပင်​လယ်​ကွေ့​သို့​ဦး တည်​လျက် တော​ကန္တာ​ရ​ထဲ​သို့​ပြန်​သွား​ကြ​ပြီး လျှင် တောင်​ကုန်း​ဒေ​သ​ဖြစ်​သော​ဧ​ဒုံ​ပြည်​တွင် ကြာ​မြင့်​စွာ​လှည့်​လည်​နေ​ထိုင်​ရ​ကြ​၏။-

2 ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား၊

3 `သင်​တို့​သည်​ထို​တောင်​ကုန်း​ဒေ​သ​တွင်​ကြာ မြင့်​စွာ​လှည့်​လည်​ခဲ့​ကြ​ပြီ၊ မြောက်​ဘက်​သို့ ခ​ရီး​ထွက်​ကြ​လော့' ဟု​မိန့်​တော်​မူ​၏။-

4 ထို့​နောက်​ကိုယ်​တော်​သည် ငါ​မှ​တစ်​ဆင့်​သင်​တို့ အား​ဆင့်​ဆို​သည်​မှာ`သင်​တို့​သည်​သင်​တို့​၏ ဆွေ​မျိုး​သား​ချင်း​များ​ဖြစ်​သော ဧ​သော​၏ အ​ဆက်​အ​နွယ်​များ​နေ​ထိုင်​ရာ​ဧဒုံ​ပြည်​ကို ဖြတ်​သန်း​သွား​ရ​တော့​မည်။ သူ​တို့​သည်​သင် တို့​ကို​ကြောက်​ရွံ့​ကြ​လိမ့်​မည်။ ငါ​သည်​သူ​တို့ ၏​မြေ​တစ်​လက်​မ​ကို​မျှ​သင်​တို့​အား​ပေး မည်​မ​ဟုတ်​သော​ကြောင့်၊-