1 ငါတို့သည်ထာဝရဘုရားမိန့်တော်မူသည့် အတိုင်းလှည့်၍ အာကာဘာပင်လယ်ကွေ့သို့ဦး တည်လျက် တောကန္တာရထဲသို့ပြန်သွားကြပြီး လျှင် တောင်ကုန်းဒေသဖြစ်သောဧဒုံပြည်တွင် ကြာမြင့်စွာလှည့်လည်နေထိုင်ရကြ၏။-
2 ထိုအခါထာဝရဘုရားကငါ့အား၊
3 `သင်တို့သည်ထိုတောင်ကုန်းဒေသတွင်ကြာ မြင့်စွာလှည့်လည်ခဲ့ကြပြီ၊ မြောက်ဘက်သို့ ခရီးထွက်ကြလော့' ဟုမိန့်တော်မူ၏။-
4 ထို့နောက်ကိုယ်တော်သည် ငါမှတစ်ဆင့်သင်တို့ အားဆင့်ဆိုသည်မှာ`သင်တို့သည်သင်တို့၏ ဆွေမျိုးသားချင်းများဖြစ်သော ဧသော၏ အဆက်အနွယ်များနေထိုင်ရာဧဒုံပြည်ကို ဖြတ်သန်းသွားရတော့မည်။ သူတို့သည်သင် တို့ကိုကြောက်ရွံ့ကြလိမ့်မည်။ ငါသည်သူတို့ ၏မြေတစ်လက်မကိုမျှသင်တို့အားပေး မည်မဟုတ်သောကြောင့်၊-
5 သူတို့ကိုမတိုက်ခိုက်နှင့်။ ငါသည်ဧဒုံပြည် ကိုဧသော၏အဆက်အနွယ်တို့အားအပိုင် ပေးထားပြီ။-
6 သူတို့ထံမှအစာရေစာကိုဝယ်ယူစားသုံး လော့' ဟုညွှန်ကြားတော်မူသည်။''