တ​ရား​ဟော 2:22-28-29 BCL

22 ကိုယ်​တော်​သည်​ဧဒုံ​တောင်​ကုန်း​ဒေ​သ​တွင် နေ ထိုင်​သော​ဧ​သော​၏​အ​ဆက်​အ​နွယ်​များ​ဖြစ် သည့်​ဧ​ဒုံ​အ​မျိုး​သား​တို့​အ​တွက်​လည်း ထို နည်း​တူ​ပြု​တော်​မူ​ခဲ့​သည်။ ကိုယ်​တော်​သည် ဟော​ရိ​အ​မျိုး​သား​များ​ကို​ဖယ်​ရှား​လိုက် သ​ဖြင့် ဧ​ဒုံ​အ​မျိုး​သား​တို့​သည်​ထို​သူ တို့​၏​ပြည်​ကို​သိမ်း​ပိုက်​၍ ယ​နေ့​တိုင်​အောင် ထို​ပြည်​၌​အ​ခြေ​ချ​နေ​ထိုင်​လျက်​ရှိ ကြ​သည်။-

23 က​ရေ​တေ​ကျွန်း​သား​တို့​သည်​မြေ​ထဲ ပင်​လယ်​ကမ်း​ခြေ​တွင် အ​ခြေ​ချ​နေ​ထိုင် ကြ​၏။ သူ​တို့​သည်​မူ​လ​နေ​ထိုင်​သူ​အာ​ဝိမ် လူ​မျိုး​ကို​သုတ်​သင်​ဖယ်​ရှား​ပြီး​လျှင် သူ တို့​၏​ပြည်​ကို​တောင်​ဘက်​ဂါ​ဇာ​မြို့​အ​ထိ သိမ်း​ပိုက်​လိုက်​ကြ​သည်။)

24 ``ထာ​ဝ​ရ​ဘု​ရား​က`ယ​ခု​ခ​ရီး​စ​ထွက်​၍ အာ​နုန်​မြစ်​ကို​ကူး​ကြ​လော့။ ငါ​သည်​ဟေ​ရှ ဘုန်​ဘု​ရင်​အာ​မော​ရိ​အ​မျိုး​သား​ရှိ​ဟုန်​နှင့် တ​ကွ သူ​၏​တိုင်း​ပြည်​ကို​သင်​တို့​၏​လက်​သို့ အပ်​မည်။ သူ​၏​နယ်​မြေ​ကို​သိမ်း​ပိုက်​ရန်​စ​တင် ချီ​တက်​တိုက်​ခိုက်​လော့။-

25 ယ​နေ့​တွင်​အ​ရပ်​ရပ်​ရှိ​လူ​အ​ပေါင်း​တို့​သည် သင်​တို့​ကို​ကြောက်​ရွံ့​ထိတ်​လန့်​စေ​ရန်​ငါ​စီ​ရင် မည်။ သင်​တို့​နာ​မည်​ကို​ကြား​ရ​ရုံ​မျှ​နှင့် လူ တိုင်း​ကြောက်​ရွံ့​တုန်​လှုပ်​ကြ​လိမ့်​မည်' ဟု​မိန့် တော်​မူ​၏။''

26 ``ထို့​နောက်​ငါ​သည်​ကေ​ဒ​မုတ်​တော​ကန္တာရ​မှ ဟေ​ရှ​ဘုန်​ဘု​ရင်​ရှိ​ဟုန်​ထံ​သို့ သံ​တ​မန်​တို့ ကို​စေ​လွှတ်​လျက်၊-

27 `ကျွန်ုပ်​တို့​အား သင်​၏​ပြည်​ကို​ဖြတ်​သန်း​ခွင့်​ပေး လော့။ ကျွန်ုပ်​တို့​သည် မင်း​ကြီး​၏​ပြည်​ကို​လမ်း​မ ကြီး​အ​တိုင်း​သာ​ဖြတ်​သန်း​သွား​ပါ​မည်။-

28-29 ကျွန်ုပ်​တို့​သည် အ​စာ​ရေ​စာ​ကို​ဝယ်​ယူ​စား​သုံး ပါ​မည်။ ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ​သော​ပြည်​သို့​ရောက်​ရန် ယော်​ဒန်​မြစ် ကို​မ​ကူး​မီ​မင်း​ကြီး​၏​တိုင်း​ပြည်​ကို​ဖြတ်​သန်း ရုံ​ဖြတ်​သန်း​ခွင့်​ပေး​ပါ​လော့။ ဧဒုံ​ပြည်​တွင်​နေ​ထိုင် သော​ဧ​သော​၏​အ​ဆက်​အ​နွယ်​တို့​သည်​လည်း ကောင်း၊ အာ​ရ​ပြည်​တွင်​နေ​ထိုင်​သော​မော​ဘ အ​မျိုး​သား​တို့​သည်​လည်း​ကောင်း ကျွန်ုပ်​တို့ အား​သူ​တို့​၏​ပြည်​ကို​ဖြတ်​သန်း​ခွင့်​ပေး​ခဲ့ ကြ​ပါ​သည်' ဟူ​၍​ငြိမ်း​ချမ်း​ရေး​စ​ကား​ကမ်း လှမ်း​ခဲ့​သည်။''