တ​ရား​ဟော 2:3-9 BCL

3 `သင်​တို့​သည်​ထို​တောင်​ကုန်း​ဒေ​သ​တွင်​ကြာ မြင့်​စွာ​လှည့်​လည်​ခဲ့​ကြ​ပြီ၊ မြောက်​ဘက်​သို့ ခ​ရီး​ထွက်​ကြ​လော့' ဟု​မိန့်​တော်​မူ​၏။-

4 ထို့​နောက်​ကိုယ်​တော်​သည် ငါ​မှ​တစ်​ဆင့်​သင်​တို့ အား​ဆင့်​ဆို​သည်​မှာ`သင်​တို့​သည်​သင်​တို့​၏ ဆွေ​မျိုး​သား​ချင်း​များ​ဖြစ်​သော ဧ​သော​၏ အ​ဆက်​အ​နွယ်​များ​နေ​ထိုင်​ရာ​ဧဒုံ​ပြည်​ကို ဖြတ်​သန်း​သွား​ရ​တော့​မည်။ သူ​တို့​သည်​သင် တို့​ကို​ကြောက်​ရွံ့​ကြ​လိမ့်​မည်။ ငါ​သည်​သူ​တို့ ၏​မြေ​တစ်​လက်​မ​ကို​မျှ​သင်​တို့​အား​ပေး မည်​မ​ဟုတ်​သော​ကြောင့်၊-

5 သူ​တို့​ကို​မ​တိုက်​ခိုက်​နှင့်။ ငါ​သည်​ဧ​ဒုံ​ပြည် ကို​ဧ​သော​၏​အ​ဆက်​အ​နွယ်​တို့​အား​အ​ပိုင် ပေး​ထား​ပြီ။-

6 သူ​တို့​ထံ​မှ​အ​စာ​ရေ​စာ​ကို​ဝယ်​ယူ​စား​သုံး လော့' ဟု​ညွှန်​ကြား​တော်​မူ​သည်။''

7 ``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ပြု​ခဲ့​လေ​သ​မျှ​ကို​အ​ဘယ်​သို့​ကောင်း ချီး​ပေး​တော်​မူ​ခဲ့​သည်​ကို သ​တိ​ရ​ကြ​လော့။ ဤ​ကျယ်​ပြန့်​သော​တော​ကန္တာ​ရ​ကို​လှည့်​လည်​ဖြတ် သန်း​ရာ​ခ​ရီး​၌ သင်​တို့​ကို​စောင့်​ရှောက်​တော်​မူ ခဲ့​ပြီ။ ကိုယ်​တော်​သည်​နှစ်​ပေါင်း​လေး​ဆယ်​ပတ် လုံး​သင်​တို့​နှင့်​အ​တူ​ရှိ​တော်​မူ​သ​ဖြင့် သင် တို့​လို​အပ်​သ​မျှ​ကို​ရ​ရှိ​ခဲ့​ကြ​ပြီ။''

8 ``သို့​ဖြစ်​၍​ငါ​တို့​သည်​ဧ​လပ်​မြို့​နှင့်​ဧ​ဇ ယုန်​ဂါ​ဗာ​မြို့​များ​မှ​ပင်​လယ်​သေ​သို့​သွား ရာ​လမ်း​မှ​ခွဲ​ထွက်​၍ အ​ရှေ့​မြောက်​ရှိ​မော​ဘ ပြည်​သို့​သွား​သော​တော​ကန္တာ​ရ​လမ်း​သို့​ခ​ရီး ဆက်​ကြ​သည်။-

9 ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား`လော​တ​၏​အ​ဆက် အ​နွယ်​များ​ဖြစ်​သော​မော​ဘ​ပြည်​သား​တို့​ကို မ​နှောင့်​ယှက်​ကြ​နှင့်။ စစ်​မ​တိုက်​နှင့်။ ငါ​သည် သူ​တို့​အား​အာ​ရ​မြို့​ကို​အ​ပိုင်​ပေး​ထား​ပြီ ဖြစ်​၍​သူ​တို့​၏​မြေ​ကို​သင်​တို့​အား​ငါ​မ​ပေး' ဟု​မိန့်​တော်​မူ​၏။''