တ​ရား​ဟော 2:34-37 BCL

34 ထို​အ​ချိန်​၌​ပင်​ငါ​တို့​သည် သူ​တို့​၏​မြို့​အား လုံး​ကို​သိမ်း​ပိုက်​၍​ဖျက်​ဆီး​ကြ​၏။ ယောကျာ်း၊ မိန်း​မ​နှင့်၊ က​လေး​သူ​ငယ်​အား​လုံး​တစ်​ယောက် မ​ကျန်​သတ်​ပစ်​ကြ​၏။-

35 တိ​ရစ္ဆာန်​များ​နှင့်​မြို့​များ​ရှိ​ပစ္စည်း​များ​ကို​ကား သိမ်း​ယူ​ကြ​၏။-

36 ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် အာ​နုန်​ချိုင့်​ကမ်း​ပေါ်​ရှိ​အာ​ရော်​မြို့​နှင့်​ချိုင့်​လယ် ရှိ​မြို့​မှ​စ​၍ ဂိလဒ်​မြို့​တိုင်​အောင်​မြို့​ရှိ​သ​မျှ​ကို ငါ​တို့​အား​သိမ်း​ပိုက်​စေ​တော်​မူ​၏။ မည်​သည့်​မြို့ မှ​ငါ​တို့​ကို​မ​ခု​ခံ​နိုင်။-

37 သို့​ရာ​တွင်​အမ္မုန်​အ​မျိုး​သား​တို့​ပြည်၊ ယဗ္ဗုတ် မြစ်​ကမ်း၊ တောင်​ကုန်း​ဒေ​သ​ရှိ​မြို့​များ​နှင့် ငါ တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က​မ​သွား ရန်​တား​မြစ်​သော​အ​ရပ်​များ​သို့​ငါ​တို့​မ​ချဉ်း ကပ်​ကြ။''