တ​ရား​ဟော 2:8-14 BCL

8 ``သို့​ဖြစ်​၍​ငါ​တို့​သည်​ဧ​လပ်​မြို့​နှင့်​ဧ​ဇ ယုန်​ဂါ​ဗာ​မြို့​များ​မှ​ပင်​လယ်​သေ​သို့​သွား ရာ​လမ်း​မှ​ခွဲ​ထွက်​၍ အ​ရှေ့​မြောက်​ရှိ​မော​ဘ ပြည်​သို့​သွား​သော​တော​ကန္တာ​ရ​လမ်း​သို့​ခ​ရီး ဆက်​ကြ​သည်။-

9 ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား`လော​တ​၏​အ​ဆက် အ​နွယ်​များ​ဖြစ်​သော​မော​ဘ​ပြည်​သား​တို့​ကို မ​နှောင့်​ယှက်​ကြ​နှင့်။ စစ်​မ​တိုက်​နှင့်။ ငါ​သည် သူ​တို့​အား​အာ​ရ​မြို့​ကို​အ​ပိုင်​ပေး​ထား​ပြီ ဖြစ်​၍​သူ​တို့​၏​မြေ​ကို​သင်​တို့​အား​ငါ​မ​ပေး' ဟု​မိန့်​တော်​မူ​၏။''

10 (အာ​ရ​မြို့​တွင်​ယ​ခင်​အ​ခါ​က အ​လွန်​ထွား ကြိုင်း​၍​ခွန်​အား​ကြီး​သော​ဧ​မိမ်​လူ​မျိုး​နေ ထိုင်​ခဲ့​ကြ​၏။-

11 သူ​တို့​သည်​ထွား​ကြိုင်း​သော​အာ​န​က​လူ​ကဲ့ သို့ အ​ရပ်​အ​မောင်း​မြင့်​မား​သည်။ အာ​န​က​လူ အ​မျိုး​ကဲ့​သို့​သူ​တို့​ကို ရီ​ဖိမ်​လူ​မျိုး​ဟူ​၍ လည်း​ခေါ်​တွင်​ကြ​သည်။ သို့​ရာ​တွင်​မော​ဘ အ​မျိုး​သား​တို့​က သူ​တို့​အား​ဧ​မိမ်​လူ မျိုး​ဟူ​၍​ခေါ်​ကြ​သည်။-

12 ရှေး​အ​ခါ​က​ဧ​ဒုံ​ပြည်​တွင်​ဟော​ရိ​အ​မျိုး သား​တို့​နေ​ထိုင်​ခဲ့​ကြ​သော်​လည်း နောင်​အ​ခါ ၌​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ ဘု​ရား​ပေး​တော်​မူ​သော​ပြည်​မှ ရန်​သူ​များ ကို​မောင်း​ထုတ်​သ​ကဲ့​သို့ ဧ​သော​၏​အ​ဆက် အ​နွယ်​တို့​သည်​ထို​သူ​တို့​ကို​မောင်း​ထုတ် ပြီး​လျှင် ထို​အ​ရပ်​၌​အ​ခြေ​ချ​နေ​ထိုင် ကြ​သည်။)

13 ``ထို့​နောက်​ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော် မူ​သည့်​အ​တိုင်း ငါ​တို့​သည်​ဇေ​ရက်​မြစ် ကို​ဖြတ်​ကူး​ကြ​၏။-

14 ကာ​ဒေ​ရှ​ဗာ​နာ​အ​ရပ်​မှ​ဇေ​ရက်​မြစ်​ကို​ကူး သည်​အ​ထိ နှစ်​ပေါင်း​သုံး​ဆယ်​ရှစ်​နှစ်​ကြာ​ခဲ့ သည်။ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည့်​အ​တိုင်း ထို​လူ​မျိုး​ဆက်​မှ​စစ်​သူ​ရဲ​အ​ပေါင်း​တို့ သည်​ကွယ်​လွန်​ကြ​လေ​ပြီ။-