တ​ရား​ဟော 20:15-20 BCL

15 သင်​တို့​နေ​ထိုင်​မည့်​ပြည်​နှင့်​အ​လှမ်း​ဝေး​သော မြို့​များ​ကို ဤ​နည်း​အ​တိုင်း​တိုက်​ခိုက်​သိမ်း​ပိုက် ရ​မည်။

16 ``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ​မည့်​ပြည်​ရှိ​မြို့​များ​ကို တိုက်​ခိုက် သိမ်း​ယူ​သော​အ​ခါ​၌​မူ​ကား မြို့​တွင်း​ရှိ​လူ ရှိ​သ​မျှ​ကို​သတ်​ဖြတ်​သုတ်​သင်​ရ​မည်။-

17 ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည့်​အ​တိုင်း​ဟိတ္တိ အ​မျိုး​သား၊ အာ​မော​ရိ​အ​မျိုး​သား၊ ခါ​နာန် အ​မျိုး​သား၊ ဖေ​ရ​ဇိ​အ​မျိုး​သား၊ ဟိ​ဝိ​အ​မျိုး သား၊ ယေ​ဗု​သိ​အ​မျိုး​သား​အ​ပေါင်း​တို့​ကို တစ်​ယောက်​မ​ကျန်​သတ်​ဖြတ်​သုတ်​သင်​ရ​မည်။-

18 ထို​သူ​တို့​သည်​မိ​မိ​တို့​၏​ကိုး​ကွယ်​မှု​ဆိုင်​ရာ စက်​ဆုပ်​ဖွယ်​သော​အ​လေ့​အ​ကျင့်​များ​ကို သင် တို့​အား​သင်​ကြား​ပေး​သ​ဖြင့်​သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို​ပြစ်​မှား​လိမ့်​မည်။ ထို့ ကြောင့်​သူ​တို့​ကို​သတ်​ဖြတ်​သုတ်​သင်​ရ​မည်။

19 ``သင်​တို့​သည်​မြို့​တစ်​မြို့​ကို ကြာ​မြင့်​စွာ​တပ် ချ​ဝိုင်း​ထား​ရ​သည့်​အ​ခါ​အ​သီး​ပင်​များ ကို​မ​ခုတ်​လှဲ​ရ။ အ​သီး​ကို​စား​နိုင်​သည်။ ထို အ​ပင်​များ​သည်​သင်​တို့​၏​ရန်​သူ​များ​မ​ဟုတ် သ​ဖြင့်​မ​ဖျက်​ဆီး​နှင့်။-

20 မြို့​ကို​ကျ​ဆုံး​သည်​အ​ထိ​တိုက်​ခိုက်​ရန်​ခံ​တပ် ဆောက်​လုပ်​ရေး​အ​တွက် အ​ခြား​သစ်​ပင်​များ ကို​ခုတ်​လှဲ​နိုင်​သည်။