တ​ရား​ဟော 20:7-13 BCL

7 သင်​တို့​တွင်​အ​မျိုး​သ​မီး​နှင့်​ထိမ်း​မြား​ရန် စေ့​စပ်​ထား​သူ​ရှိ​သ​လော။ ရှိ​လျှင်​ထို​သူ​သည် အိမ်​သို့​ပြန်​စေ။ သို့​မ​ဟုတ်​လျှင်​အ​ကယ်​၍ သူ​သည်​တိုက်​ပွဲ​တွင်​ကျ​ဆုံး​ခဲ့​သော် အ​ခြား သူ​တစ်​ယောက်​က​ထို​အ​မျိုး​သ​မီး​ကို​ထိမ်း မြား​လက်​ထပ်​လိမ့်​မည်' ဟု​တပ်​သား​တို့​အား ပြော​ဆို​ရ​မည်။

8 ``စစ်​ဗိုလ်​များ​က​ဆက်​လက်​၍`သင်​တို့​တွင် သူ​ရဲ​ဘော​နည်း​၍​ကြောက်​ရွံ့​သော​သူ​ရှိ သ​လော။ ရှိ​လျှင်​အိမ်​သို့​ပြန်​စေ။ သို့​မ​ဟုတ် လျှင်​သူ့​ကြောင့် အ​ခြား​သူ​တို့​စိတ်​ဋ္ဌာတ်​ကျ ဆင်း​လိမ့်​မည်​ဟု​တပ်​သား​တို့​အား​ပြော ဆို​ရ​မည်။-

9 စစ်​ဗိုလ်​များ​က​တပ်​သား​တို့​အား​ပြော​ဆို​ပြီး နောက်​တပ်​ခွဲ​တစ်​ခု​စီ​မှ​ခေါင်း​ဆောင်​များ​ကို ရွေး​ချယ်​ခန့်​ထား​ရ​မည်။

10 ``သင်​တို့​သည်​မြို့​တစ်​မြို့​ကို​စစ်​ချီ​တိုက်​ခိုက် သော​အ​ခါ ပ​ထ​မ​ဦး​စွာ​မြို့​သား​တို့​အား လက်​နက်​ချ​ခွင့်​ပေး​ရ​မည်။-

11 သူ​တို့​က​မြို့​တံ​ခါး​များ​ကို​ဖွင့်​၍​လက်​နက် ချ​လျှင် သူ​တို့​သည်​သင်​တို့​စေ​ခိုင်း​သ​မျှ​ကို ဆောင်​ရွက်​ရ​သော​သင်​တို့​၏​ကျွန်​များ​ဖြစ် ရ​မည်။-

12 သို့​ရာ​တွင်​ထို​မြို့​သား​တို့​သည်​လက်​နက် မ​ချ​ဘဲ​ခု​ခံ​တိုက်​ခိုက်​မည်​ဆို​လျှင် သင်​တို့ ၏​စစ်​တပ်​သည်​မြို့​ကို​ဝိုင်း​ထား​ရ​မည်။-

13 သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က သင်​တို့​အား​မြို့​ကို​သိမ်း​ယူ​စေ​သော​အ​ခါ မြို့​ထဲ​၌​ရှိ​သော​ယောကျာ်း​ရှိ​သ​မျှ​တို့​ကို သတ်​ဖြတ်​သုတ်​သင်​ရ​မည်။-