တ​ရား​ဟော 24:6-12 BCL

6 ``သင်​သည်​တစ်​စုံ​တစ်​ခု​ကို​ချေး​ငှား​သော အ​ခါ စ​ပါး​ကြိတ်​ဆုံ​ကျောက်​များ​ကို​အ​ပေါင် ပစ္စည်း​အ​ဖြစ်​လက်​မ​ခံ​ရ။ ထို​သို့​ပြု​လျှင် ချေး​ငှား​သူ​၏​အ​သက်​ကို အ​ပေါင်​ခံ​ခြင်း လက်​ခံ​ရာ​ရောက်​မည်။

7 ``ဣ​သ​ရေ​လ​အ​မျိုး​သား​ချင်း​အား​အ​ဋ္ဌမ္မ ဖမ်း​ဆီး​၍ ကျွန်​စေ​စား​သူ​သို့​မ​ဟုတ်​ကျွန်​အ​ဖြစ် ရောင်း​သူ​အား​သေ​ဒဏ်​စီ​ရင်​ရ​မည်။ ဤ​နည်း အား​ဖြင့်​သင်​တို့​သည် ဤ​ဒု​စ​ရိုက်​ကို​ဖယ်​ရှား နိုင်​လိမ့်​မည်။

8 ``သင်​တို့​တွင်​ကြောက်​မက်​ဖွယ်​ကောင်း​သော​အ​ရေ ပြား​ရော​ဂါ​ဖြစ်​ပွား​သော​အ​ခါ လေ​ဝိ​အ​နွယ် ဝင်​ယဇ်​ပု​ရော​ဟိတ်​များ​အား​ငါ​ညွှန်​ကြား ထား​သည့်​အ​တိုင်း​ဆောင်​ရွက်​ရန်​ဂ​ရု​ပြု​ရ မည်။ သူ​တို့​အား​ငါ​မိန့်​မှာ​ထား​သည့်​အ​တိုင်း လိုက်​နာ​ကြ​လော့။-

9 ငါ​တို့​သည်​အီ​ဂျစ်​ပြည်​မှ​ထွက်​ခွာ​လာ​စဉ်​က သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် မိ​ရိ​အံ​အား​မည်​ကဲ့​သို့​ဒဏ်​ခတ်​တော်​မူ​ခဲ့ ကြောင်း​ကို​သ​တိ​ရ​ကြ​လော့။

10 ``သင်​တို့​သည်​လူ​တစ်​ဦး​အား​တစ်​စုံ​တစ်​ခု​ကို ချေး​ငှား​သော​အ​ခါ ထို​သူ​အ​ပေါင်​ထား​သော အဝတ်​အင်္ကျီ​ကို​ယူ​ရန်​သူ​၏​အိမ်​ထဲ​သို့​မ​ဝင် ရ။-

11 ထို​သူ​ကိုယ်​တိုင်​ယူ​လာ​သော​အ​ပေါင်​ပစ္စည်း ကို​အိမ်​အ​ပြင်​မှာ​စောင့်​၍​ယူ​ရ​မည်။-

12 သူ​သည်​ဆင်း​ရဲ​သား​တစ်​ယောက်​ဖြစ်​လျှင် ထို​အင်္ကျီ​ကို​မိုး​မ​ချုပ်​မီ​ပြန်​ပေး​လော့။-