1 ``အကယ်၍ဣသရေလအမျိုးသားနှစ်ဦး သည်ရုံးတွင် တရားဆိုင်ကြရာ၌တစ်ဦးသည် အပြစ်မရှိ၊ အခြားတစ်ဦးသည်အပြစ်ရှိ သည်ဟူ၍စီရင်သောအခါ၊-
2 အပြစ်ရှိသောသူသည်ကြိမ်ဒဏ်ခံထိုက်လျှင် သူ့အားမှောက်စေပြီးကြိမ်ဒဏ်ပေးရမည်။ ထို သူကူးလွန်သောအပြစ်ကြီးငယ်အလိုက် ကြိမ်ဒဏ်အချက်ကိုသတ်မှတ်ရမည်။-
3 သို့သော်လည်းကြိမ်ဒဏ်အချက်လေးဆယ် ထက်မပိုစေရ။ ထိုထက်ပိုလျှင်သူ့အား လူပုံလယ်၌အရှက်ခွဲရာရောက်မည်။
4 ``စပါးနယ်နေသောနွားကိုပါးချုပ်တပ်၍ မထားရ။