တ​ရား​ဟော 25:11-18 BCL

11 ``အ​ကယ်​၍​လူ​နှစ်​ဦး​ခိုက်​ရန်​ဖြစ်​နေ​စဉ် တစ် ဦး​၏​မ​ယား​သည် မိ​မိ​၏​လင်​ယောကျာ်း​ဘက် မှ​ကူ​ညီ​၍ အ​ခြား​ယောကျာ်း​၏​တန်​ဆာ​ကို ကိုင်​ဆွဲ​လျှင်၊-

12 ထို​မိန်း​မ​၏​လက်​ကို ဖြတ်​ပစ်​ရ​မည်။ သူ့​ကို မ​သ​နား​မ​ညှာ​တာ​ရ။-

13-14 ``သင်​တို့​သည်​အ​လေး၊ တင်း​တောင်း​တို့​ဖြင့် ခြင်​တွယ်​သော​အ​ခါ မ​မှန်​မ​ကန်​မ​ခြင် တွယ်​ရ။-

15 သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​သ​နား​တော်​မူ​မည့်​ပြည်​တွင် သင်​တို့ အ​သက်​ရှည်​စွာ​နေ​ထိုင်​နိုင်​ရန်​မှန်​ကန် တိ​ကျ​သော အ​လေး၊ တင်း၊ တောင်း​များ​ကို အ​သုံး​ပြု​ကြ​လော့။-

16 ထာ​ဝ​ရ​ဘု​ရား​သည် လိမ်​လည်​လှည့်​ဖြား သော​သူ​များ​ကို​ရွံ​ရှာ​တော်​မူ​၏။

17 ``အီ​ဂျစ်​ပြည်​မှ​သင်​တို့​ထွက်​လာ​စဉ်​က သင် တို့​အား​အာ​မ​လက်​အ​မျိုး​သား​တို့​မည်​ကဲ့ သို့​ရန်​မူ​ခဲ့​ပုံ​ကို​သ​တိ​ရ​ကြ​လော့။-

18 သူ​တို့​သည်​ဘု​ရား​သ​ခင်​ကို​မ​ကြောက်​ရွံ့ သ​ဖြင့် သင်​တို့​အား​ကုန်​၍​မော​ပန်း​လျက်​ရှိ ကြ​စဉ် သင်​တို့​နောက်​မှ​လိုက်​၍​တိုက်​ခိုက်​ကြ ၏။ နောက်​ကျန်​နေ​သူ​အား​လုံး​ကို​လည်း လုပ် ကြံ​သတ်​ဖြတ်​ခဲ့​ကြ​၏။-