တ​ရား​ဟော 25:13-14-19 BCL

13-14 ``သင်​တို့​သည်​အ​လေး၊ တင်း​တောင်း​တို့​ဖြင့် ခြင်​တွယ်​သော​အ​ခါ မ​မှန်​မ​ကန်​မ​ခြင် တွယ်​ရ။-

15 သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​သ​နား​တော်​မူ​မည့်​ပြည်​တွင် သင်​တို့ အ​သက်​ရှည်​စွာ​နေ​ထိုင်​နိုင်​ရန်​မှန်​ကန် တိ​ကျ​သော အ​လေး၊ တင်း၊ တောင်း​များ​ကို အ​သုံး​ပြု​ကြ​လော့။-

16 ထာ​ဝ​ရ​ဘု​ရား​သည် လိမ်​လည်​လှည့်​ဖြား သော​သူ​များ​ကို​ရွံ​ရှာ​တော်​မူ​၏။

17 ``အီ​ဂျစ်​ပြည်​မှ​သင်​တို့​ထွက်​လာ​စဉ်​က သင် တို့​အား​အာ​မ​လက်​အ​မျိုး​သား​တို့​မည်​ကဲ့ သို့​ရန်​မူ​ခဲ့​ပုံ​ကို​သ​တိ​ရ​ကြ​လော့။-

18 သူ​တို့​သည်​ဘု​ရား​သ​ခင်​ကို​မ​ကြောက်​ရွံ့ သ​ဖြင့် သင်​တို့​အား​ကုန်​၍​မော​ပန်း​လျက်​ရှိ ကြ​စဉ် သင်​တို့​နောက်​မှ​လိုက်​၍​တိုက်​ခိုက်​ကြ ၏။ နောက်​ကျန်​နေ​သူ​အား​လုံး​ကို​လည်း လုပ် ကြံ​သတ်​ဖြတ်​ခဲ့​ကြ​၏။-

19 သို့​ဖြစ်​၍​သင်​တို့​သည်​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ပေး​သ​နား​တော်​မူ​မည့်​ပြည်​သို့​ရောက်​၍ ပတ်​ဝန်း​ကျင်​ရန်​သူ​တို့​၏​တိုက်​ခိုက်​မှု​မှ​ကင်း လွတ်​ပြီး​အေး​ချမ်း​စွာ​နေ​ထိုင်​ရ​သော​အ​ခါ အာ​မ​လက်​အ​မျိုး​သား​တို့​ကို​တစ်​ယောက် မ​ကျန်​သုတ်​သင်​ပစ်​ရန်​မ​မေ့​ကြ​နှင့်။