6 ဣသရေလလူမျိုးတွင်သေဆုံးသူ၏မိသားစု မျိုးဆက်မပျောက်စေရန် ထိုမိန်းမ၌ဖွားမြင် သောသားဦးသည်သေသူ၏တရားဝင်သား ဖြစ်စေရမည်။-
7 အကယ်၍ညီသည်သေဆုံးသူအစ်ကို၏ ဇနီးနှင့်မစုံဖက်လိုလျှင် မိန်းမသည်မြို့ အကြီးအကဲတို့ထံသို့သွား၍`ကျွန်မမတ် ဖြစ်သူသည်ဣသရေလလူမျိုးတွင် အစ်ကို ၏မိသားစုမျိုးဆက်ကျန်ရစ်ရန်ဆောင်ရွက် ရမည့်ဝတ္တရားပျက်ကွက်ပါသည်' ဟုလျှောက် ဆိုရမည်။-
8 ထိုအခါမြို့အကြီးအကဲတို့က ထိုမိန်းမ ၏မတ်ကိုခေါ်၍မေးမြန်းရမည်။ သူကထို မိန်းမနှင့်မစုံဖက်လိုပါဟူ၍ငြင်းဆန် နေသေးလျှင်၊-
9 သူ့မရီးသည်မြို့အကြီးအကဲတို့ရှေ့တွင် ထို သူ၏ဖိနပ်တစ်ဖက်ကိုချွတ်၍သူ့မျက်နှာ ကိုတံတွေးထွေးလျက်`အစ်ကို၏မျိုးဆက်ကို မပွားစေလိုသူအား ဤသို့ပြုသင့်သည်' ဟု ဆိုရမည်။-
10 ဣသရေလလူမျိုးတွင် ထိုသူ၏မိသားစု ကို`ဖိနပ်အချွတ်ခံရသူ၏မိသားစု' ဟူ၍ ခေါ်တွင်စေရမည်။
11 ``အကယ်၍လူနှစ်ဦးခိုက်ရန်ဖြစ်နေစဉ် တစ် ဦး၏မယားသည် မိမိ၏လင်ယောကျာ်းဘက် မှကူညီ၍ အခြားယောကျာ်း၏တန်ဆာကို ကိုင်ဆွဲလျှင်၊-
12 ထိုမိန်းမ၏လက်ကို ဖြတ်ပစ်ရမည်။ သူ့ကို မသနားမညှာတာရ။-