8 ထာဝရဘုရားသည်မဟာတန်ခိုးတော်နှင့် လက်ရုံးတော်အားဖြင့် အကျွန်ုပ်တို့အားအီဂျစ် ပြည်မှကယ်တင်တော်မူခဲ့သည်။ ကိုယ်တော် သည်နိမိတ်လက္ခဏာများနှင့်အံ့သြဖွယ်ရာ များကိုပြ၍ ကြောက်မက်ဖွယ်သောဘေးဒဏ် များကိုကျရောက်စေတော်မူသည်။-
9 ကိုယ်တော်သည်အစာရေစာပေါကြွယ်ဝသော ဤပြည်သို့ပို့ဆောင်နေထိုင်စေတော်မူ၏။-
10 ထို့ကြောင့်အကျွန်ုပ်သည်ကိုယ်တော်ပေးသနား တော်မူသော လက်ဦးလက်ဖျားအသီးအနှံ များကို ယခုယူဆောင်ဆက်ကပ်ပါသည်' ဟူ၍ရွတ်ဆိုရမည်။ထို့နောက်တောင်းကိုထာဝရဘုရား၏ရှေ့ တော်တွင်ချထား၍ဝတ်ပြုကိုးကွယ်ရမည်။-
11 သင်တို့၏ဘုရားသခင်ထာဝရဘုရား သည် သင်နှင့်သင်၏မိသားစုအားကျေးဇူး ပြုတော်မူသဖြင့်ကျေးဇူးတော်ကိုချီးမွမ်း လော့။ သင်တို့နှင့်တစ်ရပ်တည်းနေထိုင်သော လေဝိအမျိုးသားများ၊ လူမျိုးခြားသား များသည်သင်တို့နှင့်အတူပျော်ပွဲရွှင်ပွဲ ကိုဆင်နွှဲစေကြလော့။
12 ``သုံးနှစ်လျှင်တစ်ကြိမ်သင်၏အသီးအနှံ ထဲမှ ဆယ်ဖို့တစ်ဖို့ကိုလေဝိအမျိုးသားများ၊ လူမျိုးခြားများ၊ မိဘမဲ့ကလေးများနှင့် မုဆိုးမများအားပေးကမ်းလော့။ ဤနည်း အားဖြင့်သူတို့သည် မိမိတို့နေထိုင်ရာအရပ် တွင် ဝလင်စွာစားသောက်ရကြလိမ့်မည်။ ထို သို့ပေးကမ်းပြီးနောက်ထာဝရဘုရား အား၊-
13 `အကျွန်ုပ်သည်ပေးကမ်းရန်သီးသန့်ထား သောဆယ်ဖို့တစ်ဖို့ကို အိမ်တွင်ခြွင်းချန်မ ထားပါ။ ကိုယ်တော်မိန့်မှာတော်မူသည့်အတိုင်း လေဝိအမျိုးသားများ၊ လူမျိုးခြားများ၊ မိဘမဲ့ကလေးများနှင့်မုဆိုးမများအား ပေးကမ်းပါပြီ။ ဆယ်ဖို့တစ်ဖို့နှင့်ဆိုင်၍ ကိုယ်တော်ပညတ်သမျှတို့ကိုမချိုးဖောက်၊ မမေ့လျော့ပါ။-
14 အကျွန်ုပ်သည်သေသူအတွက်ဝမ်းနည်းကြေ ကွဲနေစဉ် ထိုဆယ်ဖို့တစ်ဖို့ထဲမှယူ၍မစား ခဲ့ပါ။ ဘာသာရေးထုံးနည်းအရအကျွန်ုပ် မသန့်ရှင်းစဉ် ထိုဆယ်ဖို့တစ်ဖို့ကိုအိမ်အပြင် သို့မထုတ်ပါ။ ထိုဆယ်ဖို့တစ်ဖို့မှယူ၍သေ သူအားမပူဇော်ပါ။ အို ထာဝရဘုရား၊ ကိုယ်တော်၏အမိန့်တော်ကိုအကျွန်ုပ်နာခံ ပါ၏။ ဆယ်ဖို့တစ်ဖို့နှင့်ဆိုင်၍ကိုယ်တော် ပညတ်သမျှအတိုင်းဆောင်ရွက်ပြီးပါပြီ။-