တ​ရား​ဟော 27:19-25 BCL

19 `` `လူ​မျိုး​ခြား​များ၊ မိ​ဘ​မဲ့​က​လေး​များ နှင့်​မု​ဆိုး​မ​များ​ရ​ထိုက်​သော​အ​ခွင့်​အ​ရေး ကို​ဆုံး​ရှုံး​စေ​သော​သူ​သည် ဘု​ရား​သ​ခင်​၏ ကျိန်​ခြင်း​ကို​ခံ​စေ​သ​တည်း' ဟု​ကျိန်​ဆို သော​အ​ခါ။``လူ​အ​ပေါင်း​တို့​က`အာ​မင်' ဟု​ဝန်​ခံ​ရ​ကြ မည်။

20 `` `ဖ​ခင်​၏​မ​ယား​တစ်​ဦး​ဦး​နှင့်​ဖောက်​ပြန်​၍ ဖ​ခင်​အား​အ​ရှက်​ခွဲ​သူ​သည် ဘု​ရား​သ​ခင်​၏ ကျိန်​ခြင်း​ကို​ခံ​စေ​သ​တည်း' ဟု​ကျိန်​ဆို​သော အ​ခါ``လူ​အ​ပေါင်း​တို့​က`အာ​မင်' ဟု​ဝန်​ခံ ရ​ကြ​မည်။

21 `` `တိ​ရစ္ဆာန်​နှင့်​ကာ​မ​စပ်​ယှက်​သော​သူ​သည် ဘု​ရား​သ​ခင်​၏​ကျိန်​ခြင်း​ကို​ခံ​စေ​သ​တည်း' ဟု​ကျိန်​ဆို​သော​အ​ခါ၊``လူ​အ​ပေါင်း​တို့​က`အာ​မင်' ဟု​ဝန်​ခံ​ရ ကြ​မည်။

22 `` `မောင်​နှ​မ​ချင်း​နှင့်​ဖြစ်​စေ၊ မိ​တူ​ဖ​ကွဲ​မောင်​နှ မ​ချင်း​နှင့်​ဖြစ်​စေ၊ ဖ​တူ​မိ​ကွဲ​မောင်​နှ​မ​ချင်း နှင့်​ဖြစ်​စေ၊ ကာ​မ​စပ်​ယှက်​သူ​သည် ဘု​ရား​သ​ခင် ၏​ကျိန်​ခြင်း​ကို​ခံ​စေ​သ​တည်း' ဟု​ကျိန်​ဆို သော​အ​ခါ၊``လူ​အ​ပေါင်း​တို့​က`အာ​မင်' ဟု​ဝန်​ခံ​ရ​ကြ မည်။

23 `` `မိ​မိ​ယောက္ခ​မ​နှင့်​ကာ​မ​စပ်​ယှက်​သူ​သည် ဘု​ရား​သ​ခင်​၏​ကျိန်​ခြင်း​ကို​ခံ​စေ​သ​တည်း' ဟုကျိန်​ဆို​သော​အ​ခါ``လူ​အ​ပေါင်း​တို့​က`အာ​မင်' ဟု​ဝန်​ခံ​ရ​ကြ​မည်။

24 `` `လူ​တစ်​ယောက်​အား​လျှို့​ဝှက်​စွာ​သတ်​သူ​သည် ဘု​ရား​သ​ခင်​၏​ကျိန်​ခြင်း​ကို​ခံ​စေ​သ​တည်း' ဟု​ကျိန်​ဆို​သော​အ​ခါ``လူ​အ​ပေါင်း​တို့ က`အာ​မင်' ဟု​ဝန်​ခံ​ရ​ကြ​မည်။

25 `` `အပြစ်​မဲ့​သူ​အား​သတ်​သူ​သည် ဘု​ရား​သ​ခင် ၏​ကျိန်​ခြင်း​ကို​ခံ​စေ​သ​တည်း' ဟု​ကျိန်​ဆို​သော အခါ၊``လူ​အ​ပေါင်း​တို့​က`အာ​မင်' ဟု​ဝန်​ခံ​ရ​ကြ မည်။