တ​ရား​ဟော 28:48-54-55 BCL

48 သို့​ဖြစ်​၍​သင်​တို့​ကို​တိုက်​ခိုက်​ရန် ထာ​ဝ​ရ ဘု​ရား​စေ​လွှတ်​သော​ရန်​သူ​၏​အ​မှု​ကို​သင် တို့​ထမ်း​ရ​လိမ့်​မည်။ သင်​တို့​သည်​စား​ရေး၊ သောက်​ရေး၊ ဝတ်​ရေး​မှ​စ​၍​အ​ရာ​ရာ​၌​ချို့ တဲ့​လျက်​ရှိ​ကြ​လိမ့်​မည်။ သင်​တို့​သေ​ကြေ ပျက်​စီး​သည့်​တိုင်​အောင် ရန်​သူ​များ​သည် သင်​တို့​အား​ညှင်း​ဆဲ​နှိပ်​စက်​လိမ့်​မည်။-

49 ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​ကို​တိုက်​ခိုက် စေ​ရန် သင်​တို့​နှင့်​ဘာ​သာ​စ​ကား​ချင်း​မ​တူ သော​ကမ္ဘာ​တစ်​စွန်း​မှ လူ​မျိုး​တစ်​မျိုး​ကို​ခေါ် ဆောင်​ခဲ့​တော်​မူ​လိမ့်​မည်။ ထို​သူ​တို့​သည် လင်း​ယုန်​ထိုး​သုတ်​သ​ကဲ့​သို့ သင်​တို့​ကို တိုက်​ခိုက်​လိမ့်​မည်။-

50 သင်​တို့​အား​ကြီး​ငယ်​မ​ဟူ​မည်​သူ့​ကို​မျှ သ​နား​ညှာ​တာ​လိမ့်​မည်​မ​ဟုတ်။-

51 သူ​တို့​သည်​သင်​တို့​၏​အ​စား​အ​စာ​ဖြစ် သော​သိုး​နွား​များ​နှင့် အ​သီး​အ​နှံ​များ​ကို စား​သုံး​ကြ​သ​ဖြင့်​သင်​တို့​သည်​အ​စာ​ငတ် ၍​သေ​ကြေ​ပျက်​စီး​ကြ​လိမ့်​မည်။ သင်​တို့​၏ စ​ပါး၊ စ​ပျစ်​ရည်၊ သံ​လွင်​ဆီ၊ သိုး​နွား​တို့ ကို​အ​ကုန်​စား​သုံး​လိုက်​ကြ​သ​ဖြင့် သင် တို့​အ​စာ​ငတ်​၍​သေ​ရ​ကြ​လိမ့်​မည်။-

52 သူ​တို့​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား ပေး​သ​နား​တော်​မူ​မည့်​ပြည်​တွင်​မြို့ ရှိ​သ​မျှ​ကို​တိုက်​ခိုက်​သ​ဖြင့် သင်​တို့​လုံ​ခြုံ ပြီ​ဟု​စိတ်​ချ​ရ​သော​မြင့်​မား​ခိုင်​ခံ့​သည့် မြို့​ရိုး​တို့​သည်​ပြို​ကျ​ကုန်​လိမ့်​မည်။

53 ``ရန်​သူ​တို့​သည် သင်​တို့​၏​မြို့​များ​ကို​ဝိုင်း​၍ တပ်​ချ​ထား​သော​အ​ခါ သင်​တို့​သည်​ဆာ​လောင် ငတ်​မွတ်​လှ​သ​ဖြင့် သင်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ပေး​သ​နား​တော်​မူ​သော​သား သ​မီး​များ​၏​အ​သား​ကို​ပင်​လျှင်​စား​ကြ လိမ့်​မည်။-

54-55 ယင်း​သို့​မြို့​ကို​ရန်​သူ​ပိုင်​ထား​စဉ်​ဆာ​လောင် ငတ်​မွတ်​သော​သူ​သည် ယဉ်​ကျေး​သော​သူ​ပင် ဖြစ်​လင့်​က​စား မိ​မိ​သား​သ​မီး​၏​အ​သား ကို​စား​လိမ့်​မည်။ သူ​သည်​မိ​မိ​ညီ​အစ်​ကို၊ ချစ် သော​ဇ​နီး၊ ကျန်​သော​သား​သ​မီး​တို့​အား ထို​အ​သား​ကို​ဝေ​မျှ​၍​စား​မည်​မ​ဟုတ်။-