တ​ရား​ဟော 28:51-59 BCL

51 သူ​တို့​သည်​သင်​တို့​၏​အ​စား​အ​စာ​ဖြစ် သော​သိုး​နွား​များ​နှင့် အ​သီး​အ​နှံ​များ​ကို စား​သုံး​ကြ​သ​ဖြင့်​သင်​တို့​သည်​အ​စာ​ငတ် ၍​သေ​ကြေ​ပျက်​စီး​ကြ​လိမ့်​မည်။ သင်​တို့​၏ စ​ပါး၊ စ​ပျစ်​ရည်၊ သံ​လွင်​ဆီ၊ သိုး​နွား​တို့ ကို​အ​ကုန်​စား​သုံး​လိုက်​ကြ​သ​ဖြင့် သင် တို့​အ​စာ​ငတ်​၍​သေ​ရ​ကြ​လိမ့်​မည်။-

52 သူ​တို့​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား ပေး​သ​နား​တော်​မူ​မည့်​ပြည်​တွင်​မြို့ ရှိ​သ​မျှ​ကို​တိုက်​ခိုက်​သ​ဖြင့် သင်​တို့​လုံ​ခြုံ ပြီ​ဟု​စိတ်​ချ​ရ​သော​မြင့်​မား​ခိုင်​ခံ့​သည့် မြို့​ရိုး​တို့​သည်​ပြို​ကျ​ကုန်​လိမ့်​မည်။

53 ``ရန်​သူ​တို့​သည် သင်​တို့​၏​မြို့​များ​ကို​ဝိုင်း​၍ တပ်​ချ​ထား​သော​အ​ခါ သင်​တို့​သည်​ဆာ​လောင် ငတ်​မွတ်​လှ​သ​ဖြင့် သင်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ပေး​သ​နား​တော်​မူ​သော​သား သ​မီး​များ​၏​အ​သား​ကို​ပင်​လျှင်​စား​ကြ လိမ့်​မည်။-

54-55 ယင်း​သို့​မြို့​ကို​ရန်​သူ​ပိုင်​ထား​စဉ်​ဆာ​လောင် ငတ်​မွတ်​သော​သူ​သည် ယဉ်​ကျေး​သော​သူ​ပင် ဖြစ်​လင့်​က​စား မိ​မိ​သား​သ​မီး​၏​အ​သား ကို​စား​လိမ့်​မည်။ သူ​သည်​မိ​မိ​ညီ​အစ်​ကို၊ ချစ် သော​ဇ​နီး၊ ကျန်​သော​သား​သ​မီး​တို့​အား ထို​အ​သား​ကို​ဝေ​မျှ​၍​စား​မည်​မ​ဟုတ်။-

56-57 ယဉ်​ကျေး​သိမ်​မွေ့​၍​ဥစ္စာ​ပစ္စည်း​ကြွယ်​ဝ​သ​ဖြင့် မြေ​ကို​ခြေ​နှင့်​မ​နင်း​ဘူး​သော​အ​မျိုး​သ​မီး သည်​ပင် မြို့​ကို​ရန်​သူ​များ​ဝိုင်း​၍​အ​စား​အ​စာ ပြတ်​လပ်​သော​အ​ခါ မိ​မိ​မွေး​စ​က​လေး​၏ အသား​နှင့်​အ​ချင်း​ကို​လျှို့​ဝှက်​စွာ​စား​ကြ လိမ့်​မည်။ ထို​က​လေး​၏​အ​သား​နှင့်​အ​ချင်း ကို မိ​မိ​ချစ်​သော​ခင်​ပွန်း​နှင့်​သား​သ​မီး တို့​အား​ဝေ​မျှ​၍​စား​မည်​မ​ဟုတ်၊

58 ``သင်​တို့​သည်​ဤ​ကျမ်း​တွင်​ရေး​ထား​သော ထာ​ဝ​ရ​ဘု​ရား​၏​ပ​ညတ်​တော်​အား​လုံး ကို တစ်​သ​ဝေ​မ​တိမ်း​မ​လိုက်​နာ​လျှင်​သော် လည်း​ကောင်း၊ သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​၏​အံ့​သြ​ကြောက်​မက်​ဖွယ်​ကောင်း သော​နာ​မ​တော်​ကို မ​ရို​သေ​ကြ​လျှင်​သော် လည်း​ကောင်း၊-

59 ကိုယ်​တော်​သည်​သင်​တို့​နှင့်​သင်​တို့​၏​အ​ဆက် အ​နွယ်​တို့​၌ ကု​သ​၍​မ​ရ​နိုင်​သော​ရော​ဂါ ဆိုး​များ​နှင့်​ကြောက်​မက်​ဖွယ်​ကောင်း​သော ကပ်​ရော​ဂါ​များ​ကျ​ရောက်​စေ​တော်​မူ​မည်။-