တ​ရား​ဟော 29:1-6 BCL

1 သိ​နာ​တောင်​ပေါ်​တွင်​ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့်​ပ​ဋိ​ညာဉ် ပြု​ပြီး​သည့်​အ​ပြင် ယ​ခု​တစ်​ဖန်​မော​ဘ​ပြည် ၌​မော​ရှေ​အား​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​သား တို့​နှင့်​ပ​ဋိ​ညာဉ်​ပြု​တော်​မူ​သည်။

2 မော​ရှေ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား အ​ပေါင်း​တို့​ကို ဆင့်​ခေါ်​၍``ထာ​ဝ​ရ​ဘု​ရား သည်​အီ​ဂျစ်​ပြည်​တွင် ဖာ​ရော​ဘု​ရင်​နှင့်​သူ ၏​အ​ရာ​ရှိ​များ​အ​ပါ​အ​ဝင် တစ်​တိုင်း​ပြည် လုံး​ကို​မည်​ကဲ့​သို့​ဒဏ်​ခတ်​ခဲ့​တော်​မူ​ကြောင်း သင်​တို့​ကိုယ်​တိုင်​တွေ့​မြင်​ခဲ့​ရ​ကြ​သည်။-

3 သင်​တို့​သည်​ကြောက်​မက်​ဖွယ်​သော​ကပ် ရော​ဂါ​များ​နှင့် ထာ​ဝ​ရ​ဘု​ရား​ပြ​တော် မူ​သော​အံ့​သြ​ဖွယ်​ရာ​တန်​ခိုး​နိ​မိတ်​လက္ခ ဏာ​တော်​များ​ကို​လည်း​မြင်​ခဲ့​ရ​ကြ​သည်။-

4 သို့​ရာ​တွင်​သင်​တို့​တွေ့​ကြုံ​ခဲ့​ရ​သ​မျှ ကို​သ​ဘော​ပေါက်​နား​လည်​နိုင်​သည့်​ဉာဏ်​ကို ယ​နေ့​တိုင်​အောင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​အား​ပေး​တော်​မ​မူ။-

5 ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား​နှစ်​ပေါင်း လေး​ဆယ်​ပတ်​လုံး တော​ကန္တာ​ရ​ခ​ရီး​ဖြင့်​ပို့ ဆောင်​တော်​မူ​ခဲ့​စဉ်​အ​တွင်း သင်​တို့​၏​အ​ဝတ် အင်္ကျီ​များ​မ​ဟောင်း​မ​နွမ်း၊ သင်​တို့​၏​ဖိ​နပ် များ​လည်း​မ​စုတ်​မ​ပြတ်​ခဲ့​ရ။-

6 သင်​တို့​တွင်​စား​စ​ရာ​အ​စာ၊ သောက်​စ​ရာ စ​ပျစ်​ရည်​နှင့်​သေ​ရည်​သေ​ရက်​မ​ရှိ​ခဲ့ ကြ။ သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​သင် တို့​၏​ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​ကြောင်း သင်​တို့​အား​သွန်​သင်​ရန်​သင်​တို့​လို​သ​မျှ ကို​ပေး​တော်​မူ​သည်။-