တ​ရား​ဟော 29:20-26 BCL

20 ထာ​ဝ​ရ​ဘု​ရား​သည်​ထို​သို့​ပြု​သော​သူ ကို​အ​ပြစ်​လွှတ်​တော်​မူ​လိမ့်​မည်​မ​ဟုတ်။ ထာ​ဝ​ရ​ဘု​ရား​သည်​ထို​သူ​အား​ပြင်း​ထန် စွာ​အ​မျက်​တော်​ထွက်​သ​ဖြင့် သူ​သည်​ဤ ကျမ်း​တွင်​ရေး​ထား​သော​ဘေး​ဒဏ်​အ​ပေါင်း ကို​ခံ​ရ​လျက်​ဆုံး​ပါး​ပျက်​စီး​ရ​လိမ့်​မည်။-

21 ဤ​ပညတ်​တွင်​ရေး​ထား​သော​ပ​ဋိ​ညာဉ်​အ မင်္ဂ​လာ​များ​နှင့်​အ​ညီ​သူ​သည်​ဘေး​ဒဏ် သင့်​သ​ဖြင့် ဣ​သ​ရေ​လ​အ​နွယ်​အ​ပေါင်း တို့​အ​တွက်​သင်​ခန်း​စာ​ယူ​စ​ရာ​ဖြစ် တော်​မူ​လိမ့်​မည်။

22 ``နောင်​အ​ခါ​၌​သင်​တို့​၏​နောင်​လာ​နောက် သား​များ​နှင့် ရပ်​ဝေး​တိုင်း​နိုင်​ငံ​များ​မှ​လူ မျိုး​ခြား​တို့​သည် သင်​တို့​ပြည်​၌​ထာ​ဝ​ရ ဘု​ရား​ကျ​ရောက်​စေ​တော်​မူ​သော​ဘေး​ဒဏ် များ​နှင့် ဆင်း​ရဲ​ဒုက္ခ​များ​ကို​မြင်​ရ​ကြ​လိမ့် မည်။-

23 လယ်​မြေ​များ​တွင်​ကန့်​နှင့်​ဆား​ပေါက်​စေ သ​ဖြင့် တော​ကန္တာရ​အ​တိ​ဖြစ်​လိမ့်​မည်။ မည် သည့်​အ​ပင်​ကို​မျှ​စိုက်​ပျိုး​၍​မ​ရ။ ပေါင်း ပင်​များ​ပင်​လျှင်​မ​ပေါက်​နိုင်။ သင်​တို့​ပြည် သည်​ထာ​ဝ​ရ​ဘု​ရား​ပြင်း​စွာ​အ​မျက် ထွက်​၍ ဖျက်​ဆီး​ခဲ့​သော​သော​ဒုံ​နှင့်​ဂေါ မော​ရ​မြို့၊ အာ​ဒ​မာ​မြို့​နှင့်​ဇေ​ဘိုင်​မြို့ များ​ကဲ့​သို့​ပျက်​စီး​လိမ့်​မည်။-

24 ထို​အ​ခါ​အ​ပြည်​ပြည်​ရှိ​လူ​မျိုး​အ​ပေါင်း တို့​က `ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​၏​ပြည် ကို​အ​ဘယ်​ကြောင့်​ဖျက်​ဆီး​ပစ်​တော်​မူ သ​နည်း။ အ​ဘယ်​ကြောင့်​ဤ​မျှ​ကြောက်​မက် ဖွယ်​အ​မျက်​ထွက်​တော်​မူ​သ​နည်း' ဟု​မေး ကြ​လိမ့်​မည်။-

25 အ​ဖြေ​သည်​ကား`ထာ​ဝ​ရ​ဘု​ရား​သည် သူ တို့​၏​ဘိုး​ဘေး​တို့​အား​အီ​ဂျစ်​ပြည်​မှ ထုတ်​ဆောင်​ခဲ့​သော​အ​ခါ​၌ သူ​တို့​ဘိုး​ဘေး တို့​နှင့်​ပြု​သော​ပ​ဋိ​ညာဉ်​ကို​သူ​တို့​ချိုး ဖောက်​သော​ကြောင့်​ဖြစ်​၏။-

26 သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​က​မ​ကိုး​ကွယ် ရန်​တား​မြစ်​ထား​သော​ဘု​ရား​များ​ဖြစ်​သည့် ယ​ခင်​က​မ​ကိုး​ကွယ်​ဘူး​သော​ဘု​ရား​များ ကို​ကိုး​ကွယ်​ကြ​၏။-