တ​ရား​ဟော 29:23-29 BCL

23 လယ်​မြေ​များ​တွင်​ကန့်​နှင့်​ဆား​ပေါက်​စေ သ​ဖြင့် တော​ကန္တာရ​အ​တိ​ဖြစ်​လိမ့်​မည်။ မည် သည့်​အ​ပင်​ကို​မျှ​စိုက်​ပျိုး​၍​မ​ရ။ ပေါင်း ပင်​များ​ပင်​လျှင်​မ​ပေါက်​နိုင်။ သင်​တို့​ပြည် သည်​ထာ​ဝ​ရ​ဘု​ရား​ပြင်း​စွာ​အ​မျက် ထွက်​၍ ဖျက်​ဆီး​ခဲ့​သော​သော​ဒုံ​နှင့်​ဂေါ မော​ရ​မြို့၊ အာ​ဒ​မာ​မြို့​နှင့်​ဇေ​ဘိုင်​မြို့ များ​ကဲ့​သို့​ပျက်​စီး​လိမ့်​မည်။-

24 ထို​အ​ခါ​အ​ပြည်​ပြည်​ရှိ​လူ​မျိုး​အ​ပေါင်း တို့​က `ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​၏​ပြည် ကို​အ​ဘယ်​ကြောင့်​ဖျက်​ဆီး​ပစ်​တော်​မူ သ​နည်း။ အ​ဘယ်​ကြောင့်​ဤ​မျှ​ကြောက်​မက် ဖွယ်​အ​မျက်​ထွက်​တော်​မူ​သ​နည်း' ဟု​မေး ကြ​လိမ့်​မည်။-

25 အ​ဖြေ​သည်​ကား`ထာ​ဝ​ရ​ဘု​ရား​သည် သူ တို့​၏​ဘိုး​ဘေး​တို့​အား​အီ​ဂျစ်​ပြည်​မှ ထုတ်​ဆောင်​ခဲ့​သော​အ​ခါ​၌ သူ​တို့​ဘိုး​ဘေး တို့​နှင့်​ပြု​သော​ပ​ဋိ​ညာဉ်​ကို​သူ​တို့​ချိုး ဖောက်​သော​ကြောင့်​ဖြစ်​၏။-

26 သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​က​မ​ကိုး​ကွယ် ရန်​တား​မြစ်​ထား​သော​ဘု​ရား​များ​ဖြစ်​သည့် ယ​ခင်​က​မ​ကိုး​ကွယ်​ဘူး​သော​ဘု​ရား​များ ကို​ကိုး​ကွယ်​ကြ​၏။-

27 ထို​ကြောင့်​ထာ​ဝ​ရ​ဘု​ရား​သည် ကိုယ်​တော် ၏​လူ​မျိုး​တော်​ကို​အ​မျက်​ထွက်​သ​ဖြင့် ဤ ကျမ်း​တွင်​ဖော်​ပြ​ထား​သော​ဘေး​ဒဏ် အ​ပေါင်း​တို့​ကို​သူ​တို့​ပြည်​၌​ကျ​ရောက် စေ​တော်​မူ​သည်။-

28 ထာ​ဝ​ရ​ဘု​ရား​သည်​အ​မျက်​ပြင်း​စွာ​ထွက် တော်​မူ​သ​ဖြင့် သူ​တို့​ကို​နေ​ရင်း​ပြည်​မှ​ထုတ် ပယ်​၍ တိုင်း​တစ်​ပါး​သို့​နှင်​ပစ်​တော်​မူ​လိုက် ရာ ယ​နေ့​တိုင်​သူ​တို့​သည်​ထို​ပြည်​၌​နေ ထိုင်​လျက်​ရှိ​ကြ​၏' ဟူ​၍​ဖြစ်​သည်။

29 ``ငါ​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ထုတ်​ဖော်​မ​ပြ​သော​အ​ကြောင်း​အ​ရာ​များ ရှိ​၏။ သို့​ရာ​တွင်​ငါ​တို့​အား​ထုတ်​ဖော်​ပြ သော​အ​ကြောင်း​အ​ရာ​ဟူ​မူ​ကား ပ​ညတ် တ​ရား​တော်​ဖြစ်​သ​တည်း။ ငါ​တို့​နှင့်​ငါ တို့​၏​နောင်​လာ​နောင်​သား​တို့​သည် ထို ပ​ညတ်​တ​ရား​တော်​ကို​အ​စဉ်​အ​မြဲ စောင့်​ထိန်း​ရ​ကြ​မည်။