တ​ရား​ဟော 29:5-12 BCL

5 ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား​နှစ်​ပေါင်း လေး​ဆယ်​ပတ်​လုံး တော​ကန္တာ​ရ​ခ​ရီး​ဖြင့်​ပို့ ဆောင်​တော်​မူ​ခဲ့​စဉ်​အ​တွင်း သင်​တို့​၏​အ​ဝတ် အင်္ကျီ​များ​မ​ဟောင်း​မ​နွမ်း၊ သင်​တို့​၏​ဖိ​နပ် များ​လည်း​မ​စုတ်​မ​ပြတ်​ခဲ့​ရ။-

6 သင်​တို့​တွင်​စား​စ​ရာ​အ​စာ၊ သောက်​စ​ရာ စ​ပျစ်​ရည်​နှင့်​သေ​ရည်​သေ​ရက်​မ​ရှိ​ခဲ့ ကြ။ သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​သင် တို့​၏​ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​ကြောင်း သင်​တို့​အား​သွန်​သင်​ရန်​သင်​တို့​လို​သ​မျှ ကို​ပေး​တော်​မူ​သည်။-

7 ဤ​အ​ရပ်​သို့​ငါ​တို့​ရောက်​ရှိ​သော​အ​ခါ ဟေ​ရှ​ဘုန်​ဘု​ရင်​ရှိ​ဟုန်​နှင့်​ဗာ​ရှန်​ဘု​ရင် သြ​ဃ​တို့​သည်​ထွက်​၍ ငါ​တို့​အား​တိုက် ခိုက်​ခဲ့​ကြ​သည်။ သို့​ရာ​တွင်​ငါ​တို့​သည် သူ တို့​ကို​တိုက်​ခိုက်​အောင်​မြင်​သ​ဖြင့်၊-

8 သူ​တို့​၏​ပြည်​ကို​သိမ်း​ယူ​၍​ရုဗင်​အ​နွယ်၊ ဂဒ်​အ​နွယ်​နှင့်​မ​နာ​ရှေ​၏​အ​နွယ်​တစ်​ဝက် တို့​အား​ခွဲ​ဝေ​ပေး​ခဲ့​သည်။-

9 သင်​တို့​ပြု​လေ​သ​မျှ​တို့​၌​အောင်​မြင်​ရန် ယ​ခု​ပြု​မည့်​ပ​ဋိ​ညာဉ်​ပါ​အ​ချက်​ရှိ သ​မျှ​တို့​ကို​လိုက်​နာ​ရန်​သ​တိ​ပြု​ကြ လော့။

10-11 ``ယ​နေ့​တွင်​သင်​တို့​၏​ခေါင်း​ဆောင်​များ၊ အ​ရာ​ရှိ​များ၊ အ​မျိုး​သား​အ​မျိုး​သမီး​များ နှင့် က​လေး​များ၊ သင်​တို့​အ​တွက်​သစ်​ခုတ်​ရေ သယ်​သ​မား​များ​ဖြစ်​ကြ​သော​သင်​တို့​နှင့် အ​တူ နေ​ထိုင်​သည့်​လူ​မျိုး​ခြား​များ​မှ​စ​၍ သင်​တို့​အား​လုံး​သည် ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ရှေ့​တော်​၌​ရပ်​လျက်​ရှိ​နေ​ကြ​၏။-

12 သင်​တို့​အ​ပေါင်း​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​နှင့် ယ​နေ့​သစ္စာ​ဆို ၍​ပ​ဋိ​ညာဉ်​ပြု​ရ​ကြ​မည်။-