တ​ရား​ဟော 29:8-15 BCL

8 သူ​တို့​၏​ပြည်​ကို​သိမ်း​ယူ​၍​ရုဗင်​အ​နွယ်၊ ဂဒ်​အ​နွယ်​နှင့်​မ​နာ​ရှေ​၏​အ​နွယ်​တစ်​ဝက် တို့​အား​ခွဲ​ဝေ​ပေး​ခဲ့​သည်။-

9 သင်​တို့​ပြု​လေ​သ​မျှ​တို့​၌​အောင်​မြင်​ရန် ယ​ခု​ပြု​မည့်​ပ​ဋိ​ညာဉ်​ပါ​အ​ချက်​ရှိ သ​မျှ​တို့​ကို​လိုက်​နာ​ရန်​သ​တိ​ပြု​ကြ လော့။

10-11 ``ယ​နေ့​တွင်​သင်​တို့​၏​ခေါင်း​ဆောင်​များ၊ အ​ရာ​ရှိ​များ၊ အ​မျိုး​သား​အ​မျိုး​သမီး​များ နှင့် က​လေး​များ၊ သင်​တို့​အ​တွက်​သစ်​ခုတ်​ရေ သယ်​သ​မား​များ​ဖြစ်​ကြ​သော​သင်​တို့​နှင့် အ​တူ နေ​ထိုင်​သည့်​လူ​မျိုး​ခြား​များ​မှ​စ​၍ သင်​တို့​အား​လုံး​သည် ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ရှေ့​တော်​၌​ရပ်​လျက်​ရှိ​နေ​ကြ​၏။-

12 သင်​တို့​အ​ပေါင်း​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​နှင့် ယ​နေ့​သစ္စာ​ဆို ၍​ပ​ဋိ​ညာဉ်​ပြု​ရ​ကြ​မည်။-

13 သို့​မှ​သာ​ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့ နှင့်​သင်​တို့​၏​ဘိုး​ဘေး​များ​ဖြစ်​ကြ​သော အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့​အား​က​တိ ရှိ​တော်​မူ​သည့်​အ​တိုင်း သင်​တို့​ကို​ထာ​ဝ​ရ ဘု​ရား​၏​လူ​မျိုး​တော်​အ​ဖြစ်​အ​တည်​ပြု တော်​မူ​မည်။ ထာ​ဝ​ရ​ဘု​ရား​သည်​လည်း သင် တို့​၏​ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​မည်။-

14 ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​နှင့်​သာ ဤ ပ​ဋိ​ညာဉ်​ဤ​သစ္စာ​ကို​ပြု​တော်​မူ​သည် သာ​မ​က၊-

15 ကိုယ်​တော်​၏​ရှေ့​တော်​တွင်​ယ​နေ့​ရပ်​နေ ကြ​သော​ငါ​တို့​အ​ပေါင်း​နှင့်​သော်​လည်း ကောင်း၊ ယ​ခု​ငါ​တို့​နှင့်​အ​တူ​မ​ရှိ​သေး သော​နောင်​လာ​နောက်​သား​တို့​နှင့်​သော် လည်း​ကောင်း​ပြု​တော်​မူ​၏။