တ​ရား​ဟော 3:1-4 BCL

1 ``နောက်​တစ်​ဖန်​ငါ​တို့​သည် မြောက်​ဘက်​ရှိ​ဗာ​ရှန် ပြည်​သို့​ချီ​တက်​ခဲ့​ကြ​သည်။ ထို​အ​ခါ​ဗာ​ရှန် ဘု​ရင်​သြ​ဃ​သည် မိ​မိ​၏​စစ်​သူ​ရဲ​အ​ပေါင်း တို့​နှင့်​တ​ကွ​ငါ​တို့​ကို​တိုက်​ရန်​ဧဒြိ​မြို့​သို့ ချီ​တက်​လာ​လေ​သည်။-

2 သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​က`သူ့​ကို​မ​ကြောက် နှင့်။ ငါ​သည်​သူ​နှင့်​တ​ကွ သူ​၏​လူ​အ​ပေါင်း တို့​ကို​လည်း​ကောင်း၊ သူ​၏​တိုင်း​ပြည်​ကို​လည်း ကောင်း၊ သင့်​လက်​သို့​ပေး​အပ်​မည်။ သင်​သည် ဟေ​ရှ​ဘုန်​မြို့​၌​စိုး​စံ​သော​အာ​မော​ရိ​ဘု​ရင် ရှိ​ဟုန်​အား​နှိမ်​နင်း​သ​ကဲ့​သို့ သူ့​အား​လည်း နှိမ်​နင်း​လော့' ဟု​ငါ့​အား​မိန့်​တော်​မူ​သည်။''

3 ``သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​သည် သြ​ဃ​ဘု​ရင် နှင့်​သူ​၏​လူ​အ​ပေါင်း​တို့​ကို​ငါ​တို့​၏​လက်​သို့ အပ်​သ​ဖြင့် ငါ​တို့​သည်​တစ်​ယောက်​မ​ကျန်​သတ် ဖြတ်​သုတ်​သင်​ခဲ့​ကြ​၏။-

4 တစ်​ချိန်​တည်း​မှာ​ပင်​ငါ​တို့​သည် သူ​ပိုင်​ဆိုင် သော​မြို့​ရှိ​သ​မျှ​ကို​သိမ်း​ယူ​ကြ​သည်။ ငါ​တို့ မ​သိမ်း​ယူ​သော​မြို့​ဟူ​၍​တစ်​မြို့​မှ​မ​ရှိ။ ငါ တို့​သည်​မြို့​ပေါင်း​ခြောက်​ဆယ်၊ တစ်​နည်း​အား ဖြင့်​ဗာ​ရှန်​ဘု​ရင်​ကြီး​စိုး​သော​အာ​ဂေါ​ဘ ဒေ​သ​တစ်​ခု​လုံး​ကို​သိမ်း​ယူ​ကြ​သည်။-