တ​ရား​ဟော 3:19-25 BCL

19 ငါ​သတ်​မှတ်​ပေး​သော​မြို့​များ​တွင် သင်​တို့ ၏​သား​မ​ယား​များ​နှင့်​တိရစ္ဆာန်​များ​သာ​လျှင် နေ​ရစ်​ခဲ့​ရ​မည်။ သင်​တို့​တွင်​တိရစ္ဆာန်​များ​စွာ ရှိ​သည်​ကို​ငါ​သိ​၏။-

20 ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား​အေး​ချမ်း စွာ​နေ​ထိုင်​ခွင့်​ပေး​တော်​မူ​သည့်​နည်း​တူ အ​ခြား သော​ဣ​သ​ရေ​လ​အ​နွယ်​တို့​အား ယော်​ဒန်​မြစ် အ​နောက်​ဘက်​နယ်​မြေ​ကို​သိမ်း​ပိုက်​၍ အေး​ချမ်း စွာ​နေ​ထိုင်​ခွင့်​ပေး​တော်​မူ​သည်​တိုင်​အောင် သင် တို့​သည်​သူ​တို့​ကို​ကူ​ညီ​ရ​မည်။ သို့​ဆောင်​ရွက် ပြီး​မှ​သင်​တို့​အ​ပေါင်း​သည် ငါ​ခွဲ​ဝေ​ပေး သော​ပြည်​သို့​ပြန်​လာ​ရ​ကြ​မည်' ဟု​ညွှန် ကြား​ခဲ့​သည်။

21 ``ထို​အ​ခါ​က​ငါ​သည်​ယော​ရှု​အား​လည်း`သင် ၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ထို​ဘု​ရင် နှစ်​ပါး​တို့​အား​စီ​ရင်​တော်​မူ​ခဲ့​ပုံ​အ​လုံး​စုံ​ကို သိ​မြင်​ခဲ့​ရ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည်​သင်​ဝင် ရောက်​တိုက်​ခိုက်​သ​မျှ​သော​တိုင်း​နိုင်​ငံ​ဘု​ရင် တို့​ကို​လည်း ထို​နည်း​တူ​စီ​ရင်​တော်​မူ​လိမ့် မည်။-

22 သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ဘက်​၌​စစ်​ကူ​တိုက်​မည်​ဖြစ်​သော​ကြောင့် သူ​တို့​ကို​မ​ကြောက်​နှင့်' ဟူ​၍​မှာ​ကြား​၏။''

23 ``ထို​အ​ချိန်​တွင်​ငါ​သည်​ထာဝရ​ဘုရား အား၊-

24 `အို အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ပြု​တော်​မူ မည့်​ကြီး​မား​အံ့​သြ​ဖွယ်​ကောင်း​သော​အ​မှု​တော် အ​ရိပ်​အ​မြွက်​မျှ​လောက်​ကို​သာ အ​ကျွန်ုပ်​အား ပြ​တော်​မူ​ပြီ။ ကောင်း​ကင်​ဘုံ​၌​လည်း​ကောင်း၊ ကမ္ဘာ လော​က​၌​လည်း​ကောင်း​ကိုယ်​တော်​နည်း​တူ​ကြီး မား​သော​အ​မှု​တော်​များ​ကို​ပြု​နိုင်​သော​ဘုရား မ​ရှိ​ပါ။-

25 အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​အား​ယော်ဒန်​မြစ်​ကို ကူး​စေ​၍ တစ်​ဘက်​တွင်​ရှိ​သော​မြေ​သြ​ဇာ​ကောင်း သည့်​ပြည်​ကို​လည်း​ကောင်း၊ သာ​ယာ​သည့်​တောင် ကုန်း​ဒေ​သ​နှင့်​လေ​ဗ​နုန်​တောင်​ကို​လည်း​ကောင်း တွေ့​မြင်​ခွင့်​ပေး​တော်​မူ​ပါ' ဟု​တောင်း​ပန် လျှောက်​ထား​၏။''