တ​ရား​ဟော 3:21-27 BCL

21 ``ထို​အ​ခါ​က​ငါ​သည်​ယော​ရှု​အား​လည်း`သင် ၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ထို​ဘု​ရင် နှစ်​ပါး​တို့​အား​စီ​ရင်​တော်​မူ​ခဲ့​ပုံ​အ​လုံး​စုံ​ကို သိ​မြင်​ခဲ့​ရ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည်​သင်​ဝင် ရောက်​တိုက်​ခိုက်​သ​မျှ​သော​တိုင်း​နိုင်​ငံ​ဘု​ရင် တို့​ကို​လည်း ထို​နည်း​တူ​စီ​ရင်​တော်​မူ​လိမ့် မည်။-

22 သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ဘက်​၌​စစ်​ကူ​တိုက်​မည်​ဖြစ်​သော​ကြောင့် သူ​တို့​ကို​မ​ကြောက်​နှင့်' ဟူ​၍​မှာ​ကြား​၏။''

23 ``ထို​အ​ချိန်​တွင်​ငါ​သည်​ထာဝရ​ဘုရား အား၊-

24 `အို အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ပြု​တော်​မူ မည့်​ကြီး​မား​အံ့​သြ​ဖွယ်​ကောင်း​သော​အ​မှု​တော် အ​ရိပ်​အ​မြွက်​မျှ​လောက်​ကို​သာ အ​ကျွန်ုပ်​အား ပြ​တော်​မူ​ပြီ။ ကောင်း​ကင်​ဘုံ​၌​လည်း​ကောင်း၊ ကမ္ဘာ လော​က​၌​လည်း​ကောင်း​ကိုယ်​တော်​နည်း​တူ​ကြီး မား​သော​အ​မှု​တော်​များ​ကို​ပြု​နိုင်​သော​ဘုရား မ​ရှိ​ပါ။-

25 အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​အား​ယော်ဒန်​မြစ်​ကို ကူး​စေ​၍ တစ်​ဘက်​တွင်​ရှိ​သော​မြေ​သြ​ဇာ​ကောင်း သည့်​ပြည်​ကို​လည်း​ကောင်း၊ သာ​ယာ​သည့်​တောင် ကုန်း​ဒေ​သ​နှင့်​လေ​ဗ​နုန်​တောင်​ကို​လည်း​ကောင်း တွေ့​မြင်​ခွင့်​ပေး​တော်​မူ​ပါ' ဟု​တောင်း​ပန် လျှောက်​ထား​၏။''

26 ``သို့​သော်​လည်း​သင်​တို့​အ​တွက်​ကြောင့်​ထာဝရ ဘုရား​သည်​ငါ့​ကို​အ​မျက်​ထွက်​၍ ငါ​၏​တောင်း​ပန် စ​ကား​ကို​လက်​ခံ​တော်​မ​မူ။ ထာ​ဝ​ရ​ဘု​ရား က`ဆက်​၍​မ​လျှောက်​နှင့်။ ဤ​အ​ကြောင်း​ကို နောက်​ထပ်​မ​လျှောက်​ထား​နှင့်။-

27 ပိ​သ​ဂါ​တောင်​ထိပ်​ပေါ်​သို့​တက်​၍​အရှေ့၊ အ​နောက်၊ တောင်၊ မြောက်​သို့​ကြည့်​လော့။ သင်​သည်​ယော်ဒန်​မြစ် တစ်​ဘက်​သို့​ကူး​ရ​မည်​မ​ဟုတ်​သော​ကြောင့် သင် မြင်​သ​မျှ​ကို​သေ​ချာ​စွာ​ကြည့်​ရှု​လော့။-