တ​ရား​ဟော 30:1-7 BCL

1 ``ငါ​သည်​ယ​ခု​သင်​တို့​အား​မင်္ဂလာ​နှင့်​အ​မင်္ဂ လာ​ကို​ရွေး​ချယ်​စေ​ပြီ။ သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ကို အ​ပြည်​ပြည်​သို့​နှင်​ထုတ်​၍​ထို​ပြည်​များ တွင်​နေ​ထိုင်​ကြ​သော​အ​ခါ သင်​တို့​သည် ငါ​ယ​ခု​မှာ​ကြား​သ​မျှ​တို့​ကို​သ​တိ​ရ ပြီး​လျှင်၊-

2 သင်​နှင့်​သင်​တို့​၏​အ​ဆက်​အ​နွယ်​များ​သည် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​ပြန်​လာ​၍ သင် တို့​အား​ငါ​ယ​နေ့​ပေး​သော​ပညတ်​များ​ကို စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​နာ​ခံ​စောင့်​ထိန်း ကြ​ပါ​က၊-

3 သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည် သင်​တို့​အား​သ​နား​က​ရု​ဏာ​ရှိ​တော် မူ​လိမ့်​မည်။ ထို့​အ​ပြင်​အ​ပြည်​ပြည်​သို့ ရောက်​ရှိ​နေ​ထိုင်​ရာ​မှ သင်​တို့​ကို​ပြန်​လည် ခေါ်​ဆောင်​တော်​မူ​လိမ့်​မည်။ သင်​တို့​၏ စီး​ပွား​ရေး​ကို​လည်း တစ်​ဖန်​တိုး​တက် စေ​တော်​မူ​လိမ့်​မည်။-

4-5 သင်​တို့​သည်​ကမ္ဘာ​အ​ရပ်​ရပ်​သို့​ကွဲ​လွင့် သွား​သော်​လည်း သင်​တို့​၏​ဘိုး​ဘေး​များ နေ​ထိုင်​ခဲ့​သော​ပြည်​ကို သင်​တို့​တစ်​ဖန် သိမ်း​ယူ​နေ​ထိုင်​နိုင်​အံ့​သော​ငှာ သင်​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင် တို့​ကို​စု​သိမ်း​၍​ပြန်​လည်​ခေါ်​ဆောင်​တော် မူ​လိမ့်​မည်။ ထို့​အ​ပြင်​သင်​တို့​အား​သင် တို့​၏​ဘိုး​ဘေး​တို့​ထက် စီး​ပွား​ပို​မို​တိုး တက်​စေ​တော်​မူ​လိမ့်​မည်။ လူ​ဦး​ရေ​လည်း ပို​မို​များ​ပြား​စေ​တော်​မူ​လိမ့်​မည်။-

6 ကိုယ်​တော်​သည်​သင်​တို့​နှင့်​သင်​တို့​၏ အ​ဆက်​အ​နွယ်​တို့​အား နား​ထောင်​တတ် သော​သ​ဘော​ကို​ပေး​တော်​မူ​လိမ့်​မည်။ သင် တို့​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ကို​စိတ်​နှလုံး​အ​ကြွင်း​မဲ့​ချစ်​လျက် ထို​ပြည်​တွင်​ဆက်​လက်​နေ​ထိုင်​နိုင်​ရန်၊-

7 သင်​တို့​ကို​မုန်း​၍​နှိပ်​စက်​ညှဉ်း​ဆဲ​သော ရန်​သူ​များ​အ​ပေါ်​သို့ ထို​အ​မင်္ဂ​လာ​ရှိ သ​မျှ​ကို​ကျ​ရောက်​စေ​တော်​မူ​လိမ့်​မည်။-