တ​ရား​ဟော 30:8-15 BCL

8 သင်​တို့​သည်​လည်း​ကိုယ်​တော်​၏​အ​မိန့်​ကို တစ်​ဖန်​နာ​ခံ​၍ ငါ​ယ​နေ့​သင်​တို့​အား ပေး​သော​ပ​ညတ်​တော်​ရှိ​သ​မျှ​တို့​ကို စောင့်​ထိန်း​ကြ​လိမ့်​မည်။-

9-10 သင်​တို့​သည်​ဤ​ပ​ညတ်​ကျမ်း​တွင်​ရေး​ထား သော ဤ​ပ​ညတ်​တော်​ရှိ​သ​မျှ​ကို​စောင့်​ထိန်း ၍၊ ကိုယ်​တော်​ထံ​သို့​စိတ်​နှလုံး​အ​ကြွင်း​မဲ့ ပြန် လည်​ဆည်း​ကပ်​လျှင်၊ ကိုယ်​တော်​သည်​သင်​တို့ ပြု​လေ​သ​မျှ​တို့​ကို တိုး​တက်​အောင်​မြင် စေ​တော်​မူ​လိမ့်​မည်။ သင်​တို့​သည်​သား​သ​မီး များ​စွာ​ရ​လိမ့်​မည်။ သိုး​နွား​တိရစ္ဆာန်​များ​စွာ ပိုင်​ရ​လိမ့်​မည်။ သင်​တို့​၏​လယ်​များ​မှ​အ​သီး အ​နှံ​များ​စွာ​ထွက်​လိမ့်​မည်။ ကိုယ်​တော်​သည် သင်​တို့​၏​ဘိုး​ဘေး​တို့​အား ကောင်း​ချီး​ပေး ရာ​တွင်​အား​ရ​ဝမ်း​မြောက်​တော်​မူ​သ​ကဲ့​သို့ သင်​တို့​ကို​ကောင်း​ချီး​ပေး​ရာ​၌​လည်း​အား​ရ ဝမ်း​မြောက်​တော်​မူ​လိမ့်​မည်။

11 ``သင်​တို့​အား​ငါ​ယ​နေ့​ပေး​သော​ပ​ညတ် တ​ရား​တော်​သည် သင်​တို့​အ​တွက်​နား​မ​လည် နိုင်​အောင်​ခဲ​ယဉ်း​သည်​မ​ဟုတ်။ သင်​တို့​လက် လှမ်း​မ​မီ​နိုင်​အောင်​ဝေး​သည်​မ​ဟုတ်။-

12 သင်​တို့​က`အ​ကျွန်ုပ်​တို့​သည်​ထို​ပညတ်​တ​ရား တော်​ကို​ကြား​နာ​စောင့်​ထိန်း​နိုင်​ရန် အ​ဘယ်​သူ သည်​ကောင်း​ကင်​သို့​တက်​၍​အ​ကျွန်ုပ်​တို့​ထံ​သို့ ယူ​ဆောင်​ခဲ့​ပါ​မည်​နည်း' ဟူ​၍​မေး​မြန်း​ရ လောက်​အောင် ထို​ပ​ညတ်​တ​ရား​တော်​သည် ကောင်း​ကင်​၌​ရှိ​သည်​မ​ဟုတ်။-

13 သင်​တို့​က`အ​ကျွန်ုပ်​တို့​သည်​ပညတ်​တ​ရား တော်​ကို​ကြား​နာ​စောင့်​ထိန်း​နိုင်​ရန် အ​ဘယ် သူ​သည်​သ​မုဒ္ဒ​ရာ​ကို​ဖြတ်​ကူး​၍​အ​ကျွန်ုပ် တို့​ထံ​သို့​ယူ​ဆောင်​ခဲ့​ပါ​မည်​နည်း' ဟူ​၍ မေး​မြန်း​ရ​လောက်​အောင်​သ​မုဒ္ဒ​ရာ​တစ် ဖက်​စွန်း​၌​ရှိ​သည်​မ​ဟုတ်။-

14 ထို​တ​ရား​တော်​သည်​ဤ​နေ​ရာ​၌​သင်​တို့ နှင့်​အ​တူ​ရှိ​၏။ သင်​တို့​သိ​သော​တ​ရား၊ သင် တို့​ရွတ်​ဆို​နိုင်​သော​တ​ရား​ဖြစ်​၏။ ထို့​ကြောင့် ထို​တ​ရား​တော်​ကို​သင်​တို့​ယ​ခု​လိုက်​နာ ကြ​လော့။

15 ``ယ​နေ့​ငါ​သည်​သင်​တို့​အား အ​ကောင်း​သို့ မ​ဟုတ်​အ​ဆိုး၊ အ​သက်​ရှင်​ခြင်း​သို့​မ​ဟုတ် သေ​ခြင်း​ကို​ရွေး​ချယ်​စေ​ပြီ။-