တ​ရား​ဟော 31:13-19 BCL

13 ဤ​နည်း​အား​ဖြင့်​ထာ​ဝ​ရ​ဘု​ရား​၏​ပ​ညတ် တ​ရား​တော်​ကို​မ​ကြား​ဘူး​သော သင်​တို့​၏ အ​ဆက်​အ​နွယ်​တို့​သည်​ကြား​ရ​လိမ့်​မည်။ သို့ မှ​သာ​သူ​တို့​သည်​ယော်​ဒန်​မြစ်​ကို​ဖြတ်​ကူး ၍​သိမ်း​ယူ​မည့်​ပြည်​တွင်​နေ​ထိုင်​သ​မျှ​ကာ​လ ပတ်​လုံး ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​ကို နာ​ခံ​လာ​တတ်​ကြ​လိမ့်​မည်'' ဟု​ဆို​လေ​၏။

14 ထို့​နောက်​ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``သင် စု​တေ​ရ​သော​အ​ချိန်​နီး​လာ​ပြီ။ ငါ​သည် ယော​ရှု​အား​ညွှန်​ကြား​နိုင်​ရန် သူ့​ကို​ပ​ဋိ​ညာဉ် တဲ​တော်​သို့​ခေါ်​ခဲ့​လော့'' ဟု​မိန့်​တော်​မူ​၏။ မော​ရှေ​နှင့်​ယော​ရှု​တို့​သည်​တဲ​တော်​သို့​သွား ကြ​ရာ၊-

15 ထာ​ဝ​ရ​ဘု​ရား​သည်​တဲ​တော်​တံ​ခါး​ဝ​တွင် မိုး​တိမ်​တိုင်​အား​ဖြင့်​ထင်​ရှား​တော်​မူ​၏။

16 ထာ​ဝ​ရ​ဘု​ရား​သည်​မိုး​တိမ်​တိုင်​ထဲ​က မော​ရှေ​အား``သင်​သည်​မ​ကြာ​မီ​စု​တေ​ရ​မည်။ သင်​အ​နိစ္စ​ရောက်​ပြီး​နောက်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​သည် သစ္စာ​ဖောက်​၍​သူ​တို့​နှင့်​ငါ​ပြု ထား​သော​ပ​ဋိ​ညာဉ်​ကို​ချိုး​ဖောက်​ကြ​လိမ့်​မည်။ သူ​တို့​သည်​ငါ့​ကို​စွန့်​ပယ်​၍ သူ​တို့​ဝင်​ရောက် မည့်​ပြည်​ရှိ​အ​ခြား​သော​ဘုရား​များ​ကို ကိုး​ကွယ်​ကြ​လိမ့်​မည်။-

17 ထို​အ​ခါ​၌​ငါ​သည်​အ​မျက်​တော်​ထွက်​၍ သူ တို့​ကို​စွန့်​ပစ်​သ​ဖြင့်​သူ​တို့​သည်​ပျက်​စီး​ဆုံး​ရှုံး ကြ​လိမ့်​မည်။ သူ​တို့​သည်​ကြောက်​မက်​ဖွယ်​သော ဘေး​ဒဏ်​များ​နှင့်​တွေ့​ကြုံ​ရ​လိမ့်​မည်။ ထို​အ​ခါ သူ​တို့​၏​ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​သော​ငါ​သည် သင်​တို့​နှင့်​အ​တူ​မ​ရှိ​တော့​သ​ဖြင့် ဤ​ကဲ့​သို့ သော​ဘေး​ဒဏ်​များ​နှင့်​တွေ့​ကြုံ​ရ​သည်​ဟု သိ​မြင်​လာ​ကြ​လိမ့်​မည်။-

18 သူ​တို့​သည်​အ​ခြား​သော​ဘု​ရား​များ​ကိုး ကွယ်​၍​ဒု​စ​ရိုက်​ကို​ပြု​ကြ​သော​ကြောင့် ငါ သည်​သူ​တို့​အား​ကယ်​မည်​မ​ဟုတ်။-

19 သင်​သည်​ယ​ခု​ဤ​သီ​ချင်း​ကို​ရေး​သား​လော့။ ယင်း​သီ​ချင်း​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​တစ်​ဘက်​၌ ငါ​၏​သက်​သေ​ဖြစ်​စေ​ခြင်း ငှာ​ထို​သီ​ချင်း​ကို​သူ​တို့​အား​သင်​ပေး လော့။-