တ​ရား​ဟော 31:19-25 BCL

19 သင်​သည်​ယ​ခု​ဤ​သီ​ချင်း​ကို​ရေး​သား​လော့။ ယင်း​သီ​ချင်း​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​တစ်​ဘက်​၌ ငါ​၏​သက်​သေ​ဖြစ်​စေ​ခြင်း ငှာ​ထို​သီ​ချင်း​ကို​သူ​တို့​အား​သင်​ပေး လော့။-

20 ငါ​သည်​သူ​တို့​၏​ဘိုး​ဘေး​တို့​အား​က​တိ​ထား သည့်​အ​တိုင်း သူ​တို့​ကို​အ​စာ​ရေ​စာ​ပေါ​ကြွယ် ဝ​သော​ပြည်​သို့​ပို့​ဆောင်​မည်။ ထို​ပြည်​တွင်​သူ တို့​သည်​အ​စား​အ​စာ​ကို​ဝ​စွာ​စား​ရ​၍ အေး ချမ်း​သာ​ယာ​စွာ​နေ​ထိုင်​ကြ​လိမ့်​မည်။ သို့​ရာ တွင်​သူ​တို့​သည်​ဖောက်​ပြန်​၍ အ​ခြား​သော ဘု​ရား​များ​ကို​ကိုး​ကွယ်​ကြ​လိမ့်​မည်။ သူ တို့​သည်​ငါ့​ကို​စွန့်​ပစ်​၍​ငါ​၏​ပ​ဋိ​ညာဉ် ကို​ချိုး​ဖောက်​သ​ဖြင့်၊-

21 ကြောက်​မက်​ဖွယ်​သော​ဘေး​ဒဏ်​များ​စွာ​နှင့် တွေ့​ကြုံ​ရ​လိမ့်​မည်။ သို့​ရာ​တွင်​သူ​တို့​တစ် ဘက်​၌​သက်​သေ​ဖြစ်​စေ​ရန် ဤ​သီ​ချင်း​ကို သီ​ဆို​ရ​မည်။ ငါ​ပေး​မည်​ဟု​က​တိ​ထား သော​ပြည်​သို့​ငါ​မ​ခေါ်​ဆောင်​မီ​ပင် ယ​ခု သူ​တို့​ကြံ​စည်​နေ​သော​အကြံ​အစည်​ကို ငါ​သိ​၏'' ဟု​မိန့်​တော်​မူ​၏။

22 ထို​နေ့​တွင်​မော​ရှေ​သည်​ထို​သီ​ချင်း​ကို​ရေး သား​၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား သင်​ပေး​လေ​သည်။

23 ထို့​နောက်​ထာ​ဝ​ရ​ဘု​ရား​သည်​နုန်​၏​သား​ယော​ရှု အား``အား​မာန်​တင်း​၍​ရဲ​ရင့်​ခြင်း​ရှိ​လော့။ သင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​ခေါင်း​ဆောင်​လျက် ငါ​ကတိ​ထား​သော​ပြည်​သို့​ဝင်​ရောက်​ရ​မည်။ ငါ​သည်​သင်​နှင့်​အ​တူ​ရှိ​မည်'' ဟု​မိန့်​တော် မူ​၏။

24 မော​ရှေ​သည် ဘု​ရား​သ​ခင်​၏​ပ​ညတ်​တ​ရား တော်​ကို​အ​ကုန်​အ​စင်​ရေး​သား​ထား​၏။-

25 ထို့​နောက်​ထာ​ဝ​ရ​ဘု​ရား​၏ ပ​ဋိ​ညာဉ်​သေတ္တာ တော်​ကို​ထိန်း​သိမ်း​ရ​သော လေ​ဝိ​အ​နွယ်​ဝင် ယဇ်​ပု​ရော​ဟိတ်​တို့​အား၊-