တ​ရား​ဟော 31:21-27 BCL

21 ကြောက်​မက်​ဖွယ်​သော​ဘေး​ဒဏ်​များ​စွာ​နှင့် တွေ့​ကြုံ​ရ​လိမ့်​မည်။ သို့​ရာ​တွင်​သူ​တို့​တစ် ဘက်​၌​သက်​သေ​ဖြစ်​စေ​ရန် ဤ​သီ​ချင်း​ကို သီ​ဆို​ရ​မည်။ ငါ​ပေး​မည်​ဟု​က​တိ​ထား သော​ပြည်​သို့​ငါ​မ​ခေါ်​ဆောင်​မီ​ပင် ယ​ခု သူ​တို့​ကြံ​စည်​နေ​သော​အကြံ​အစည်​ကို ငါ​သိ​၏'' ဟု​မိန့်​တော်​မူ​၏။

22 ထို​နေ့​တွင်​မော​ရှေ​သည်​ထို​သီ​ချင်း​ကို​ရေး သား​၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား သင်​ပေး​လေ​သည်။

23 ထို့​နောက်​ထာ​ဝ​ရ​ဘု​ရား​သည်​နုန်​၏​သား​ယော​ရှု အား``အား​မာန်​တင်း​၍​ရဲ​ရင့်​ခြင်း​ရှိ​လော့။ သင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​ခေါင်း​ဆောင်​လျက် ငါ​ကတိ​ထား​သော​ပြည်​သို့​ဝင်​ရောက်​ရ​မည်။ ငါ​သည်​သင်​နှင့်​အ​တူ​ရှိ​မည်'' ဟု​မိန့်​တော် မူ​၏။

24 မော​ရှေ​သည် ဘု​ရား​သ​ခင်​၏​ပ​ညတ်​တ​ရား တော်​ကို​အ​ကုန်​အ​စင်​ရေး​သား​ထား​၏။-

25 ထို့​နောက်​ထာ​ဝ​ရ​ဘု​ရား​၏ ပ​ဋိ​ညာဉ်​သေတ္တာ တော်​ကို​ထိန်း​သိမ်း​ရ​သော လေ​ဝိ​အ​နွယ်​ဝင် ယဇ်​ပု​ရော​ဟိတ်​တို့​အား၊-

26 ``ဘု​ရား​သ​ခင်​၏​ပ​ညတ်​တ​ရား​တော်​ကျမ်း စာ​အုပ်​ကို​ယူ​၍ သင်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​၏​ပ​ဋိ​ညာဉ်​သေတ္တာ​အ​နီး တွင်​ထား​လော့။ ထို​ကျမ်း​စာ​အုပ်​သည်​ကိုယ် တော်​၏​လူ​မျိုး​တော်​တစ်​ဘက်​၌​သက်​သေ အ​ဖြစ် ထို​နေ​ရာ​၌​ရှိ​နေ​စေ​ရ​မည်။-

27 သူ​တို့​သည်​ခေါင်း​မာ​၍​ပုန်​ကန်​တတ်​သော သ​ဘော​ရှိ​ကြောင်း​ကို​ငါ​သိ​၏။ သူ​တို့​သည် ငါ​မ​သေ​ခင်​က​ပင်​ထာ​ဝ​ရ​ဘု​ရား​အား ပုန်​ကန်​ခဲ့​လျှင် ငါ​သေ​လွန်​ပြီး​နောက်​သာ ၍​ပုန်​ကန်​ကြ​ဦး​မည်။-