တ​ရား​ဟော 31:23-29 BCL

23 ထို့​နောက်​ထာ​ဝ​ရ​ဘု​ရား​သည်​နုန်​၏​သား​ယော​ရှု အား``အား​မာန်​တင်း​၍​ရဲ​ရင့်​ခြင်း​ရှိ​လော့။ သင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​ခေါင်း​ဆောင်​လျက် ငါ​ကတိ​ထား​သော​ပြည်​သို့​ဝင်​ရောက်​ရ​မည်။ ငါ​သည်​သင်​နှင့်​အ​တူ​ရှိ​မည်'' ဟု​မိန့်​တော် မူ​၏။

24 မော​ရှေ​သည် ဘု​ရား​သ​ခင်​၏​ပ​ညတ်​တ​ရား တော်​ကို​အ​ကုန်​အ​စင်​ရေး​သား​ထား​၏။-

25 ထို့​နောက်​ထာ​ဝ​ရ​ဘု​ရား​၏ ပ​ဋိ​ညာဉ်​သေတ္တာ တော်​ကို​ထိန်း​သိမ်း​ရ​သော လေ​ဝိ​အ​နွယ်​ဝင် ယဇ်​ပု​ရော​ဟိတ်​တို့​အား၊-

26 ``ဘု​ရား​သ​ခင်​၏​ပ​ညတ်​တ​ရား​တော်​ကျမ်း စာ​အုပ်​ကို​ယူ​၍ သင်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​၏​ပ​ဋိ​ညာဉ်​သေတ္တာ​အ​နီး တွင်​ထား​လော့။ ထို​ကျမ်း​စာ​အုပ်​သည်​ကိုယ် တော်​၏​လူ​မျိုး​တော်​တစ်​ဘက်​၌​သက်​သေ အ​ဖြစ် ထို​နေ​ရာ​၌​ရှိ​နေ​စေ​ရ​မည်။-

27 သူ​တို့​သည်​ခေါင်း​မာ​၍​ပုန်​ကန်​တတ်​သော သ​ဘော​ရှိ​ကြောင်း​ကို​ငါ​သိ​၏။ သူ​တို့​သည် ငါ​မ​သေ​ခင်​က​ပင်​ထာ​ဝ​ရ​ဘု​ရား​အား ပုန်​ကန်​ခဲ့​လျှင် ငါ​သေ​လွန်​ပြီး​နောက်​သာ ၍​ပုန်​ကန်​ကြ​ဦး​မည်။-

28 ငါ​သည်​ဤ​အ​ကြောင်း​အ​ရာ​များ​ကို​ပြော ကြား​နိုင်​ရန် သင်​တို့​အ​နွယ်​ဝင်​များ​၏​ခေါင်း ဆောင်​တို့​နှင့်​အ​ရာ​ရှိ​အပေါင်း​တို့​ကို​စု​ရုံး စေ​လော့။ ငါ​သည်​ကောင်း​ကင်​နှင့်​မြေ​ကြီး ကို​တိုင်​တည်​၍ သူ​တို့​အား​ပြော​ကြား​မည်။-

29 ငါ​သေ​လွန်​ပြီး​နောက်​ဤ​လူ​တို့​သည်​အ​ကျင့် ဖောက်​ပြား​၍ ငါ​သွန်​သင်​ခဲ့​သ​မျှ​တို့​ကို​ပစ် ပယ်​မည်​ဖြစ်​ကြောင်း​ငါ​သိ​၏။ နောင်​အ​ခါ​၌ သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​တား​မြစ်​သော ဒု​စ​ရိုက်​ကို​ပြု​သော​ကြောင့် အ​မျက်​တော် ထွက်​သ​ဖြင့်​သူ​တို့​သည်​ဘေး​ဒဏ်​နှင့်​တွေ့ ကြုံ​ရ​ကြ​လိမ့်​မည်'' ဟု​သ​တိ​ပေး​လေ​၏။